မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
မိုင်းရှူး၊ သြဂုတ် (၂၈)။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းဲ(၁)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယု က လူငယ်နှင့်ရည်မှန်းချက်များ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့ပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဝင်းက လူငယ်နှင့်အားကစားနည်းဆိုင်ရာများနှင့် အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့ပါသည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဝင်းက တာဝန်ခံဆရာမ ထံ အားကစားပစ္စည်းများဖြစ်သော ပိုက်ကျော်ခြင်း/ဘောလီဘော များလှူတန်းပေးအပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၂၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


