မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ မြိုတော်ခန်းမ၌ “ လူငယ်ရေးရာအသိပညာပေး” ဟောပြောပွဲ ကျင်းပပြုလုပ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ တက်ရောက်ချီးမြှင့်
နေပြည်တော်၊ မတ်(၂၄)ရက်။
လူငယ်များကို အနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် ကျောင်းသား/ ကျောင်းသူ၊ လူငယ်များ အကျင့် စာရိတ္တကျောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန် နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြုလုပ် သည့် “ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကို (၂၄.၃.၂၀၂၂)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ မြိုတော်ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများမှ တက်ရောက်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။




