မင်းဘူးမြို့၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီရက်တို အားကစားနည်းသင်တန်း ဆင်းပွဲကျင်းပ
မင်းဘူး၊ မတ်လ ၄ ရက်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီရက်တို အားစကားနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မင်းဘူးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ ခရိုင်အား/ကာမှူး ဒေါ်နှင်းယုဇံ၊ မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး ကျောင်းသား/ကျောင်းသူများမှ သင်တန်းတွင် မိမိတို့ သင်ယူတတ်မြောက်ခဲ့ကြသည့် ဘာသာရပ်များအလိုက် အကအလှ အစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ကြပြီးနောက် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ကျောင်းသားများနှင့် သင်တန်းနည်းပြများအား သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် လူငယ်လူရွယ်များ နွေရာသီအားလပ်ရက်တွင် မိမိတို့ ဝါသနာပါရာ သင်းတန်းများကို ရွေးချယ်တက်ရောက်နိုင်စေရန် မင်းဘူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း ဖွင့်လှစ်သည့် နွေရာသီရက်တိုသင်တန်းများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှ မတ်လ ၄ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းတွင် ကဗျာလွတ်အက၊ မြန်မာ့သိုင်း၊ ကရာတေး၊ ဂျူဒို၊ ဝူရှူး၊ ဘတ်စကတ်ဘော၊ စားပွဲတင်တင်းနစ် အားကစားနည်းများနှင့် English Speaking ၊ Fitness Dance ၊ အခမ်းအနားမှူးသင်တန်းတို့ကို ကျွမ်းကျင်နည်းပြများဖြင့် စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


