မကွေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံရိုးရာခြင်းလုံး သင်တန်း ဖွင့်ပွဲကျင်းပ
မကွေး၊အောက်တိုဘာလ၂၈ရက်။မကွေးတိုင်းဒေသကြီး၊ အားကစား နှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံရိုးရာခြင်းလုံး သင်တန်း ဖွင့်ပွဲအား မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းနှင့် ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ပါသည်။
