ပြည်နယ်/တိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့်ကာယပညာကော်မတီက ကြီးမှူးကျင်းပသော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက်(၂၅) နှစ်အောက် Myanmar Fitness Dance ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးတင့်ထူးက လူငယ်လူရွယ်များ အားကစားကို လေ့ကျင့်လိုက်စားကြစေရန်၊ အချင်းချင်း ရင်းနှီးမှုရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်၍ Myanmar Fitness Dance ပြိုင်ပွဲကျင်းပခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာဓိဌာန် ရွတ်ဆိုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး မိတ်ဆက်ကြ၍ ပြိုင်ပွဲအားစတင်ကျင်းပသည်။
အဆိုပါ Myanmar Fitness Dance ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် အသင်း (၉) သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ၊ ပြည်သူများ ကြည့်ရှုအားပေးကြကြောင်းသိရသည်။
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ရပ်စောက်မြို့နယ်တွင် မီနီမာရသွန် ပြိုင်ပွဲကျင်းပခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်မိုင်းတုံမြို့ တွင် ပဉ္စမ အကြိမ်မြောက် ဒီဇင်ဘာလစုပေါင်းလူထုလမ်းလျှောက်ပွဲနှင့်လွန်ဆွဲပွဲများအားကျင်းပခဲ့ကြသည်။
၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေနေ့ အထိမ်းအမှတ် ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဖူဆယ်ဘောလုံပြိုင်ပွဲကျင်းပခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟုမ္မလင်းမြို့တွင်လည်း လူထုစုပေါင်းစက်ဘီးစီးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။


