ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲများကျင်းပ
နေပြည်တော်၊ မေလ(၄)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်ဖြင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းလူရည်ချွန်များဖြစ်လာစေရန် ရည်ရွယ်၍ (၃.၅.၂၀၂၂) ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်နှင့် (၄.၅.၂၀၂၂) ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ YGW ပရဟိတဂေဟာ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ အခမ်း အနားကို ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးမင်းညွန့်နှင့် ဒုတိ ယ ညွှန်ကြားရေးမှူး ဦးဝင်းဌေးတို့မှ “ လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ရာ သင်တန်းသား/သင်တန်းသူ(၃၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။


