ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၁)မှ အုပ်ချုပ်/နည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ
နေပြည်တော်၊ ဇူလိုင်(၂၉)။
အခြေခံပညာဦးစီးဌာန၊ ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၁)မှ အုပ်ချုပ်/ နည်းပြများနှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၄၈၀)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစား သမားများ၏ ပုံတူရုပ်ထုများအား လာရောက်ကြည့်ရှုလေ့လာခဲ့ရာ ပြခန်းတာဝန်ရှိသူမှ သိရှိမေးမြန်းလိုသည် များကို လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။



