နွေရာသီအခြေခံနပန်းသင်တန်းဆင်းပွဲကျင်းပ
ရန်ကုန်၊ ဧပြီလ(၇)ရက်။
မျိုးဆက်သစ်လူငယ်နပန်းအားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော နွေရာသီအခြေခံနပန်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ နပန်းလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာအောင်ကျော်ဆန်းမှ သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူများက ပြိုင်ပွဲပုံစံ သရုပ်ပြသခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမင်းသိန်းက သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရဲထွန်းက သင်တန်းနည်းပြနှင့် လက်ထောက်နည်းပြများအား ဆုငွေနှင့်ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့သည်။
အဆိုပါသင်တန်းကို မတ်လ(၇)ရက်မှ ဧပြီလ(၇)ရက်အထိ တစ်ပတ်လျှင် (၄)ရက် အင်္ဂါနေ့မှ သောကြာနေ့အထိ သင်တန်းသား/သင်တန်းသူ (၃၇)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရသည်။




