အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် Gold Campရှိ စားရိပ်သာတွင် အားကစားသမားများ၏ နေ့လယ်စာ စားသောက်နေမှုအားကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဩဂုတ် (၂၅)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အာကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ စားရိပ်သာ၌ အားကစားသမားများ၏ နေ့လယ်စာ စားသောက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများ စားသောက်မှု အဆင်ပြေစေရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်မျှတ၍ သန့်ရှင်းလတ်ဆက်ပြီး အာဟာရပြည့်ဝသော ဟင်းလျာများအား အရသာရှိစွာပြောင်းလဲပြင်ဆင် ချက်ပြုတ်ကျွေးမွေးသွားရန်အတွက် တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် အားကစားသမားများအားလုံး ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိစေရန်အတွက် အုပ်ချုပ်/နည်းပြများမှအမြဲတမ်း စစ်ဆေးကြပ်မတ်ဆောင်ရွက် သွားရန်မှာကြားခဲ့သည်။


