တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာလ(၃)ရက်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ် သဲကုန်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ မိတ္ထီလာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆီဆိုင်မြို့နယ်တို့တွင် ဒီဇင်ဘာလ(၃)ရက်နေ့ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် သက်ဆိုင်ရာဌာနအသီးသီးမှ အရာထမ်း/အမှူထမ်းများ၊ တက္ကသိုလ်/ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ကာယကြံ့ခိုင်အတွဲ(၁)(၂) ၊ Myanmar Fitness Dance စုပေါင်းလှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။






