တနင်္သာရီတိုင်းဒေသကြီးရှိ ခရိုင်၊ မြို့နယ်များတွင် “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” များ ကျင်းပပြုလုပ်
နေပြည်တော်၊ မတ် (၂၁)ရက်။
လူငယ်များကို အနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂ ဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၁၉.၃.၂၀၂၂)ရက်နေ့ နေ့လည် (၁၅:၀၀)နာရီအချိန်တွင် မြိတ်ခရိုင်၊ အထက(၁)မြိတ်မြို့၊ (၂၁.၃.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ အထက(၁)၊ အထက(ခွဲ) နှင့် အလက(၂)ကျောင်းနှင့် နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ အထက(၃) တို့၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” များကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူများမှ ကျောင်းအုပ်ကြီးများအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။




