ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ကျင်းပခဲ့သော Asia Junior Sports Exchange Game 2023 Para ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တတိယဆုရရှိ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိ
ရန်ကုန်၊ သြဂုတ်လ (၂၉)ရက်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ၊ ၂၃ရက်နေ့မှ ၂၉ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော Asia Junior Sports Exchange Game 2023 Para ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ယှဥ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု Para ကြက်တောင်အားကစားသမား မောင်သူရအောင်သည် မြို့တော်အလိုက် အဆင့်(၃)ဖြင့် တတိယဆုရရှိခဲ့သည်။
ပြိုင်ပွဲအပြီးတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးဌေးအောင် ခေါင်းဆောင်သည့်အဖွဲ့သည် ယနေည ၆နာရီ လေယာဥ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းနိုင်ဦးနှင့်အဖွဲ့ချုပ်မှ တာဝန်ရှိသူများက လာရောက်ကြိုဆိုခဲ့ကြောင်းသိရှိရသည်။


