ခြင်းလုံးအားကစားနည်းဒိုင်လူကြီးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ မတ်(၉)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် အာရှ ခြင်းလုံးအဖွဲ့ချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးဒိုင်လူကြီးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံး အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ Mr. Dato Abdul Halim Bin Kader ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Mr. Dato Abdul Halim Bin Kader မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူချုပ် ဦးကျော်ဦးက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း၊ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Mr. Dato Abdul Halim Bin Kader နှင့်အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း ပေးအပ်ခဲ့သည်။
အဆိုပါ ခြင်းလုံးဒိုင်လူကြီးသင်တန်းကို မတ် ၆ ရက်မှ ၉ ရက်အထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ သင်တန်းသား (၁၆) ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။




