အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းပါဝင်ပြသ

ရန်ကုန်၊ ဖေဖော်ဝါရီလ(၁၀)ရက်။

၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများနှင့် ရိုးရာအစားအစာပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန်တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းတာဝန်ခံများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များနှင့်ရိုးရာအစားအစာပြခန်းကိုယ်စားလှယ်များ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းတာဝန်ခံ လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင် ပါဝင်တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်များအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အဆိုပါ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများနှင့် ရိုးရာအစားအစာပြခန်းများတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်း၌ ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်သို့ နိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက်ခဲ့မှုနှင့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲ မှတ်တမ်းဓာတ်ပုံများ၊ (၃၁)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်နှင့် ငွေတံဆိပ် ရရှိခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ် ရရှိခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ နှင့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုပွဲများကျင်းပခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ ကျင်းပမှု မှတ်တမ်းဓာတ်ပုံများ၊ ၂၀၂၂ ခုနှစ်အတွင်း ကျင်းပခဲ့သော ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများ၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများကျင်းပမှုမှတ်တမ်း ဓာတ်ပုံများ၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပနေမှု မှတ်တမ်း၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး U-18 အမျိုးသမီး ဘောလုံးပြိုင်ပွဲကျင်းပမှုမှတ်တမ်း၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပမှုမှတ်တမ်းနှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုများအား ခင်းကျင်း ပြသထားပါသည်။

၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြခန်းများအား အများပြည်သူ လာရောက်ကြည့်ရှုနိုင်ရန်အတွက် ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ ည(၁၀:၃၀)နာရီ အထိ ခင်းကျင်းပြသထားမည်ဖြစ်ကြောင်းသိရှိရသည်။