အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို လက်ဝှေ့ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ မုံရွာမြို့၌ ကျင်းပ

မုံရွာ၊ ဖေဖော်ဝါရီ(၁၀)ရက်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနက မျိုးဆက်သစ်အားကစားသမား‌ကောင်းပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ ကျင်းပသည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို လက်ဝှေ့ပြိုင်ပွဲ ၊ ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ‌ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၃ နာရီ အချိန်က တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းရှိ လက်ဝှေ့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြိုင်ပွဲတွင် ပွဲစဉ်အလိုက် အမျိုးသမီး ၄၈ ကီလိုတန်း၊ အမျိုးသမီး ၅၁ ကီလိုတန်း၊ အမျိုးသား ၅၂ ကီလိုတန်း၊ အမျိုးသား ၆၀ ကီလိုတန်း၊ အမျိုးသား အလွတ်တန်း ၆၉ ကီလိုတန်းနှင့် အထူးပွဲ အပါအဝင်စုစုပေါင်း ၆ ပွဲ ယှဉ်ပြိုင်ခဲ့ကြရာ ယှဉ်ပြိုင်ပွဲများအား မုံရွာမြို့ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်ဇော်လွင်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် ခရိုင်၊ မြို့နယ် အဆင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ အရာထမ်းအမှူထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(မုံရွာ)မှ ဝန်ထမ်းများနှင့် စိတ်ပါဝင်စားစွာ တက်ရောက်လာကြသူများက ကြည့်ရှု့ အားပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး ၄၈ ကီလိုတန်း၊ အမျိုးသမီး ၅၁ ကီလိုတန်း၊ အမျိုးသား ၅၂ ကီလိုတန်း၊ အမျိုးသား ၆၀ ကီလိုတန်း၊ အမျိုးသား အလွတ်တန်း ၆၉ ကီလို တို့တွင် ဆု ရရှိကြသူများအား မုံရွာမြို့ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်ဇော်လွင်နှင့်တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီးနောက် အထူးပွဲအဖြစ် နန်းစုနွယ် (ဟုမ္မလင်း)နှင့် စွမ်းထက်လင်း(ကသာ)တို့၏ အထူးလက်ရည်စမ်းပွဲယှဥ်ပြိုင်မှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ပူးတွဲပထမဆုအဖြစ် ပေးအပ်ချီးမြှင့်ကာ ပြိုင်ပွဲများအလိုက် ပထမ၊ဒုတိယ ရရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရှိရပါသည်။