အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ခင်းကျင်းပြသ

နေပြည်တော်၊ ဇန်နဝါရီလ(၃၀)ရက်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်အခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စာသင်ကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသားလူငယ် မောင်မယ်များ၊ မိဘပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များသည် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းအတွင်း ဌာနဆိုင်ရာများမှ ခင်းကျင်းပြသထားသည့်ပြခန်းများ၊ အားကစားလှုပ်ရှားမှုများပြခန်း အတွင်း စိတ်ဓာတ်မြှင့်တင်ရေးပြခန်း၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ၏ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့မှုနှင့် ဆုတံဆိပ်ရရှိခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ အားကစားမော်ကွန်းခန်းမတွင် ပြသထား သော ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမားများ၏ ပုံတူရုပ်တုများနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် အားကစားသမားဖြစ်သော ဂျူဒို၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်အားကစားအဖွဲ့များ၏ အားကစားနည်းအလိုက် သရုပ်ပြသမှုများနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၏ Myanmar Fitness Dance သရုပ်ပြသမှုများကို စိတ်ပါဝင်စားစွာဖြင့် လာရောက်ကြည့်ရှုလေ့လာခဲ့ကြပါသည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ပြခန်းများနှင့် အားကစားသမားများ၏ အားကစားနည်းအလိုက် သရုပ်ပြသမှုများအား ပြသသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သတင်းရရှိပါသည်။