အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဥက္ကဌဖလား ဘတ်စကက်‌ဘော ဗိုလ်လုပွဲပြိုင်ပွဲကျင်းပ

ရန်ကုန်၊ ဒီဇက်ဘာ (၁၉)။

၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဌဖလားအမျိုးသား၊အမျိုးသမီး ဘတ်စကက်‌ဘောပြိုင်ပွဲဗိုလ်လုပွဲကို ယ‌နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သု၀ဏ္ဏ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘတ်စက်ဘောအဖွဲ့ချုပ်ဥက္ကဌနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင် ပြည်သူများ ကြည့်ရှုအားပေးကြသည်။

ဗိုလ်လုပွဲ ဘတ်စကက်‌ဘောအမျိုးသား၊ အမျိုးသမီး အလွတ်တန်း 5×5ပြိုင်ပွဲသည် ၁၀မီနစ်‌လေးပိုင်း အကြိတ်အနယ်ကစားကြရာ အမျိုးသမီးအလွတ်တန်တွင် A.Studio အသင်းက Western Park အသင်းကို ၆၅မှတ်၊၃၅မှတ်ဖြင့်လည်း‌ကောင်း၊အမျိုးသားအလွတ်တန်း၌ Sam Par Oo အသင်းက Legend အသင်းကို ၈၄မှတ် ၇၅မှတ်ဖြင့်အနိုင်ရရှိခဲ့ကြသည်။

ပြိုင်ပွဲအပြီး အမျိုးသမီး Over50၊ အမျိုးသား Over50၊ အမျိုးသမီအလွတ်တန်း၊ အမျိုးသားအလွတ်တန်းတွင် ပထမ၊ ဒုတိယ၊တတိယနှင့် အမျိုးသား၊ အမျိုးသမီးအ‌ကောင်းဆုံးဆုရ အားကစားသမားများကို တိုင်း‌ဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဥပဒေချုပ် ဦး‌ဌေးအောင်၊ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် နာယက‌ ဒေါ်နီ၊ ဥက္ကဌ ဦး‌ကျော်ဝင်း၊ ဒုတိယဥက္ကဌများက တစ်ဦးချင်းဆုတံဆိပ် ငွေသားဆုများ‌ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တိုင်း‌ဒေကြီးဝန်ကြီးချုပ်က အမျိုးသမီး Over50 ပထမဆုရ Gold Starအသင်း၊ အမျိုးသား Over50 ပထမဆုရ Friendship အသင်း၊ အမျိုးသမီအလွတ်တန်း A.Studio အသင်း၊ အမျိုးသားအလွတ်တန်း Sam Par Oo အသင်းတို့အားတံခွန်စိုက်ဆုဖလားချီးမြှင့်သည်။

အဆိုပါပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်သင်းလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့်လည်ကောင်း၊ SkyNet ရုပ်သံမီဒီယာမှ ဆုရအသင်းအားကစားသမားများ တစ်ဦးချင်းစီအား DTHရုပ်သံဖမ်းစက်များအား ချီးမြှင့်၍လည်ကောင်း၊ အကောင်းဆုံးဆုရရှိသူများကို နောက်ဆုံးပေါ် SkyNet.DTT ရုပ်သံဖမ်းစက်များအား ပေးအပ်ခဲ့သည်။

ပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ရက်မှ ၁၉ရက်အထိ ကျင်းပခဲ့ပြီး အားကစားသမား (၂၀၀‌) ကျော်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။