အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် နေပြည်တော်ဂေါက်သီးရိုက်အသင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံမှ ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်

နေပြည်တော်၊ မတ်လ(၄)ရက်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်နှင့်တိုင်း ဒေသကြီး ဂေါက်သီးရိုက်ပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် နေပြည်တော်ဂေါက်သီးရိုက်အသင်းအားဂုဏ်ပြုဆု ငွေပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၃၁)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ (၉.၂.၂၀၂၂)ရက်နေ့မှ (၁၁.၂.၂၀၂၂)ရက်နေ့အထိ ရန်ကုန်မြို့၊ မြို့တော်ဂေါက်ကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမျိုးသမီးတစ်ဦးချင်း (အ‌ကျောမဲ့)ပြိုင်ပွဲ၌ စုစုပေါင်းရိုက်ချက် ၁၆၅ ချက်ဖြင့် ပထမဆု ရရှိခဲ့သည့် နေပြည်တော်အသင်းမှ မဝိုင်းဝိုင်းအား ဂုဏ်ပြုဆုငွေကျပ်(၂)သိန်း၊ အမျိုးသမီး အသင်းလိုက် (အကျောမဲ့)ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၃၃၁ ချက်ဖြင့် ပထမဆုရရှိခဲ့ သည့် နေပြည်တော်ဂေါက်သီးရိုက်အသင်းအား ဂုဏ်ပြုဆုငွေကျပ်(၄)သိန်းနှင့် အုပ်ချုပ်မှု အဖွဲ့အား ငွေကျပ်(၁)သိန်းနှုန်းဖြင့် ဂုဏ်ပြုဆုငွေများကို အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြောင်းသိရှိရပါသည်။