အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီ ဒုဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး

နေပြည်တော်၊ ဒီဇင်ဘာလ(၂၈)ရက်။

၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို (၂၁.၁၂.၂၀၂၁)ရက်နေ့မှ (၄.၁.၂၀၂၂)ရက်နေ့အထိ အမျိုးသား/အမျိုးသမီး (ဘော်လီဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ လွန်ဆွဲ၊ ထုပ်ဆီးထိုးနှင့် အပြေး) အားကစားပြိုင်ပွဲများကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားကွင်း/ရုံများတွင် ကျင်းပပြုလုပ် လျက်ရှိရာ ယနေ့ နံနက် (၈)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ B တွင် ကျင်းပပြုလုပ် လျက်ရှိသော (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)တွင် ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲများကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီဒုဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

ရှေးဦးစွာ နံနက် (၈)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ B ၌ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန(အမျိုးသမီး)အသင်းမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (အမျိုးသမီး)အသင်းကို (၃)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန (အမျိုးသမီး)အသင်းမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန (အမျိူးသား)အသင်းမှ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (အမျိုးသား) အသင်းကို (၃)ပွဲပြတ် ဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (အမျိုးသား) အသင်းမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီးဌာန (အမျိူးသား) အသင်းကို ( ၃) ပွဲပြတ် ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြပါသည်။

ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် ကျင်းပပြုလုပ်လျက်ရှိသော (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနအသင်းမှ စက်မှုဝန်ကြီးဌာနအသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကာင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအသင်းမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ် ဖြင့် လည်းကောင်း၊ နေပြည်တော်ကောင်စီအသင်းမှ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ် ဖြင့် လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်း ကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းမှ ဆောက်လုပ်ရေးဝန်ကြီး ဌာနအသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအသင်းမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ (၁) ဖြင့် လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းမှ အလုပ်သမားဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းမှ ဥပဒေရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိ ခဲ့ကြသည်။

ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်လျက်ရှိသော ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များ အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို (၁၃)ဂိုး-(၀)ဂိုးမရှိဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအသင်းကို (၁၁)ဂိုး-(၅)ဂိုး ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၁၃)ဂိုး-(၀) ဂိုးမရှိ ဖြင့် လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းမှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအသင်းကို (၃)ဂိုး-(၂)ဂိုးဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းမှ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအသင်းကို (၉)ဂိုး-(၁)ဂိုး ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပါသည်။

(၂၉.၁၂.၂၀၂၁) ရက်နေ့တွင် ဆက်လက်ကျင်းပပြုလုပ်လျက်ရှိသော (အမျိုးသား/အမျိူးသမီး) ဘော်လီဘောပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားရုံ B တွင် နံနက် (၈)နာရီအချိန် မှစတင်၍ ကာကွယ်ရေးဝန်ကြီးဌာန(အမျိုးသား)အသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (အမျိုးသား)အသင်းတို့မှလည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (အမျိုးသား)အသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန (အမျိုးသား)အသင်းတို့မှလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန(အမျိုးသား)အသင်းနှင့် ပညာရေးဝန်ကြီးဌာန (အမျိုးသား)အသင်းတို့မှလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန (အမျိုးသား)အသင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (အမျိုးသား)အသင်းတို့မှလည်းကောင်း အသီသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

(၂၉.၁၂.၂၀၂၁)ရက်နေ့ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိသော ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းတို့မှ လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့အသင်းတို့မှလည်းကောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့မှလည်းကောင်း၊ နေပြည်တော်ကောင်စီ အသင်းနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီအသင်းတို့မှလည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့မှ လည်းကောင်း၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသင်းတို့မှလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့မှ လည်းကောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာနအသင်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းတို့မှလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့မှလည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအသင်းနှင့် အလုပ်သမားဝန်ကြီးဌာနအသင်းတို့မှ လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဥပဒေရေးရာဝန်ကြီးဌာနအသင်းတို့မှလည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

(၂၉.၁၂.၂၀၂၁)ရက်နေ့တွင် ဆက်လက်ကျင်းပပြုလုပ်လျက်ရှိသော ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၈)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ပြီး၊ နံနက် (၉:၃၀)အချိန်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်း နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)အသင်းတို့လည်းကောင်း၊ နံနက် (၁၁)နာရီအချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့မှ လည်းကောင်း၊ နေ့လည် (၁၂:၃၀)အချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းတို့မှလည်းကောင်း၊ နေ့လည် (၂:၃၀) အချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။