အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၆၇)နှစ်မြောက် ကရင်ပြည်နေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

(၆၇)နှစ်မြောက် ကရင်ပြည်နေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား ၇.၁၁.၂၀၂၂ ၊ မွန်းလွဲ (၁၅:၀၀)နာရီအချိန်တွင် ဘားအံမြို့ ၊ ဇွဲကပင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ် ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီးမီတာ(၁၀၀)နှင့်အမျိုးသား မီတာ(၄၀၀)ပွဲစဉ်များကိုယှဉ်ပြိုင်ကြရာ အမျိုးသမီး မီတာ (၁၀၀)ပွဲစဉ် နန်းနှင်းနှင်းလှိုင် (ဘားအံ)မှ ပထမ ၊ နော်ဇူလိုင်ဖော (ဖာပွန်)မှ ဒုတိယနှင့် နန်းဟိဖောင် (လှိုင်းဘွဲ)တို့မှ တတိယ ရရှိခဲ့ပြီး အမျိုးသားမီတာ(၄၀၀) ပွဲစဉ်ကို ဆက်လက်ကျင်းပရာ စည်သူအောင် (သံတောင်ကြီး)မှ ပထမ ၊ မင်းခန့်ဦး (ဖာပွန် )မှ ဒုတိယနှင့် တွယ်တာမင်းပိုင် (ဖာပွန်)မှ တတိယဆုတို့ဖြင့် အသီးသီးရရှိခဲ့ကြပါသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကြက်ခြေနီတပ်ဖွဲ့ဂုဏ်ပြုငွေအား ကရင်ပြည်နယ် ပြည်နယ်ဥပဒေချုပ်၏ဇနီးမှလည်းကောင်း၊ ကျန်းမာရေးအဖွဲ့ ဂုဏ်ပြုငွေအား ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၏ဇနီးမှလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ အားကစားနည်းအလိုက် ဆုရအားကစားသမားများအား ဆုချီးမြှင့်ကြရာ အမျိုးသမီး မီတာ (၈၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ချစ်စုမာ (သံတောင်ကြီး)မှ ပထမ၊ သက်မိုးဝေ (ဖာပွန် )မှ ဒုတိယနှင့် နန်းဟိဖောင် (လှိုင်းဘွဲ)မှ (တတိယ)ဆုရရှိသော ကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၏ဇနီးမှပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အမျိုးသား မီတာ (၈၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော အောင်ကျော်ထက်(၁) (သံတောင်ကြီး)မှ ပထမ၊ မင်းခန့်အောင် (ဖာပွန် )မှ ဒုတိယနှင့် ကြည်စိုး (လှိုင်းဘွဲ)မှ (တတိယ)ဆုရရှိသောကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတဝန်ကြီး၏ဇနီးမှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ အမျိုးသမီး မီတာ (၂၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော စုဝေဝေဖြိုး (ဖာပွန်)မှ ပထမ၊ နန်းနှင်းနှင်းလှိုင် (ဘားအံ )မှ ဒုတိယနှင့် မဝိုင်းချစ် (ကော့ကရိတ်)မှ (တတိယ)ဆုရရှိသော ကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကိုကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၏ဇနီးမှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အမျိုးသား မီတာ (၂၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ထွန်းထွန်းအောင် (သံတောင်ကြီး)မှ ပထမ၊ ဆန်းမင်းဇော် (ဖာပွန် )မှ ဒုတိယနှင့်နေမျိုးထွန်း (ဘားအံ) မှ (တတိယ)ဆုရရှိသောကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးမှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ အမျိုးသား မီတာ (၃၀၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ချစ်နန်းဦး (ဘားအံ) မှပထမ၊ အောင်ကျော်လင်း (သံတောင်ကြီး )မှ ဒုတိယနှင့် အောင်မျိုးမင်း (လှိုင်းဘွဲ) မှ (တတိယ)ဆုရရှိသောကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကိုကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုး မှပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အမျိုးသမီးမီတာ (၃၀၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော မနဒီလွင် (သံတောင်ကြီး)မှ ပထမ၊ ဖြူဖြူဝင်း (ဘားအံ )မှ ဒုတိယနှင့်စုစုနွယ် (လှိုင်းဘွဲ)မှ (တတိယ)ဆုရရှိသော ကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ကရင်ပြည်နယ် ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်မှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ အမျိုးသမီး သံပြားပစ်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော သဇင်ဦး (သံတောင်ကြီး) မှ ပထမ၊ ဒေဝီစနိုး(ဘားအံ)မှ ဒုတိယနှင့် အေးအေးသင်း (လှိုင်းဘွဲ) မှ (တတိယ)ဆုရရှိသောကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုမှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အမျိုးသား သံလုံးပစ်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ဝင်းသူအောင်(မြဝတီ) မှ ပထမ၊ ဖိုးဟေသာစေး (သံတောင်ကြီး )မှ ဒုတိယနှင့် ကောင်းမြတ်နိုင် (ဘားအံ) မှ (တတိယ)ဆုရရှိသော ကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကိုကရင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးကြီးခင်ဇော်မှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ အမျိုးသမီး မီတာ (၄၀၀×၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော(ဖာပွန်မြို့နယ်)) မှ ပထမ၊ (သံတောင်ကြီးမြို့နယ်) )မှ ဒုတိယနှင့် (ဘားအံမြို့နယ်) မှ (တတိယ)ဆုရရှိသောအသင်းများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကိုကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်မှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အမျိုးသား မီတာ (၄၀၀×၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော (သံတောင်ကြီးမြို့နယ်) မှ ပထမ၊(ဖာပွန်မြို့နယ် )မှ ဒုတိယနှင့်(ဘားအံမြို့နယ်) မှ (တတိယ)ဆုရရှိသောအသင်းများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းမှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အမျိုးသား မီတာ (၄၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော စည်သူအောင် (သံတောင်ကြီး) မှ ပထမ ၊ မင်းခန့်ဦး (ဖာပွန် ) မှ ဒုတိယနှင့် တွယ်တာမင်းပိုင် (ဖာပွန်) မှ တတိယဆုရရှိသောကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကိုကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်မှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အမျိုးသမီး မီတာ (၁၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော နန်းနှင်းနှင်းလှိုင် (ဘားအံ) မှ ပထမ ၊ နော်ဇူလိုင်ဖော (ဖာပွန်) မှ ဒုတိယနှင့် နန်းဟိဖောင် (လှိုင်းဘွဲ)တို့မှ တတိယရရှိသောကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင် မှပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုကိုစုစုပေါင်း ရမှတ် (၇၉)မှတ်ဖြင့်ဘားအံမြို့နယ် အမျိုးသမီးအသင်းမှရရှိခဲ့ပြီး တံခွန်စိုက်ဒိုင်းနှင့် ဆုချီးမြှင့်ငွေ (၅)သိန်းကျပ်တိတိအား ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းဘေဘီမြင့် မှပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အမျိုးသားတံခွန်စိုက်ဒိုင်းဆုကို စုစုပေါင်းရမှတ် (၇၆)မှတ်ဖြင့်သံတောင်ကြီးမြို့နယ် အမျိုးသားအသင်းမှရရှိခဲ့ပြီး တံခွန်စိုက်ဒိုင်းနှင့် ဆုချီးမြှင့်ငွေ (၅)သိန်းကျပ်တိတိအား ကရင်ပြည်နယ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ် ခင်ဆွေထွန်းမှလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက်ဒိုင်းဆုကြီးအား စုစုပေါင်းရမှတ် (142 ) မှတ်ဖြင့် ဘားအံမြို့နယ်အသင်းမှ ရရှိခဲ့ရာ စုပေါင်းတံခွန်စိုက်ဒိုင်းဆုကြီးနှင့် ဆုချီးမြှင့်ငွေ (၈)သိန်းကျပ်တိတိအား ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မှပေးအပ်ချီးမြှင့်ခဲ့ပါသည်။