အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၅၅)ကြိမ်မြောက်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်အောင်ပွဲရ မြန်မာ့ကာယဗလအားကစားအဖွဲ့အား ရန်ကုန်လေဆိပ်၌ ပြည်သူများသောင်းသောင်းဖျဖျကြိုဆို

ရန်ကုန်၊ စက်တင်ဘာလ (၈) ရက်။

နီပေါနိုင်ငံ ခတ္တမန္ဒူ မြို့၌ စက်တင်ဘာ(၁)ရက်နေ့မှ (၇) ရက်နေ့အထိကျင်းပပြီးစီးခဲ့သည့် (၅၅)ကြိမ်မြောက် အာရှကာယဗလ နှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်)ဦးညီညီ ဦးဆောင်၍ အုပ်ချုပ်သူတစ်ဦး ဒိုင်နှစ်ဦး နည်းပြနှစ်ဦးနှင့်အားကစားသမား(၁၀)ဦး ပါဝင်သော အောင်ပွဲရ မြန်မာ့ကာယဗလအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှုး ဦးညွန့်ဖေနှင့်ကော်မတီဝင် များ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှု ဦးအောင်နိုင်ဆွေနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ်မှတာဝန်ရှိသူများ အား/ကာသိပ္ပံ(ရန်ကုန်) ကျောင်းမှကျောင်းသား/ကျောင်းသူများ မိဘဆွေမျိုးမိတ်သဂ်ဟများပြည်သူများက အိုးစည်ဒိုးပတ်အကများဖြင့် သောင်းသောင်းဖျဖျကြိုဆိုကြသည်။

အဆိုပါ အောင်ပွဲရမြန်မာ့ကာယဗလအားကစားအဖွဲ့တွင် Men’s Sports Physique( Up to 175 Cm) ပြိုင်ပွဲ၌ ငြိမ်းချမ်းက ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ (၂၁)နှစ်အောက် ကာယဗလ ၇၅ ကီလိုတန်းပြိုင်ပွဲ၌ ဟိန်းထက်ဇော်က ငွေတံဆိပ်ဆုကိုလည်းကောင်း ၊ ၇၀ ကီလိုတန်းပြိုင်ပွဲ၌ ရဲထွန်းနောင်က ငွေတံဆိပ်ဆုကို လည်းကောင်း၊ Senior Women’s Model Physique ( Up to 165 Cm) ပြိုင်ပွဲ၌အေးသန္တာခိုင်က ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ Men Athletic Physique (Up to 182 Cm) ပြိုင်ပွဲ၌ ဟိန်းထက်ကျော်က ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ Senior Women’s Athletic Physique ( Up to. 165 Cm) ပြိုင်ပွဲ၌ ဝတ်ရည်ဖြိုးက ကြေးတံဆိပ်ဆုကိုလည်းကောင်း ၊ Senior Women’s Athletic Physique (Up to 16 0 Cm) ပြိုင်ပွဲ၌ မီမီကျော်နိုင် က စတုတ္ထဆုကိုလည်းကောင်း ၊ ၇၅ ကီလိုတန်း ပြိုင်ပွဲ၌အောင်းသန်းဌေးက စတုတ္ထဆု ကိုလည်းကောင်း ၊ ၅၅ ကီလိုတန်း ပြိုင်ပွဲ၌ ပြည့်ဖြိုးက စတုတ္ထဆုကို လည်းကောင်း ၊ ၆၅ ကီလိုတန်းပြိုင်ပွဲ၌ မောင်မောင်မြင့် က ပဉ္စမဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ကြောင်းသိရသည်။