အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုဆန်းစစ်လက်ရည်စမ်း ဂျူဒိုပြိုင်ပွဲကျင်းပ

ရန်ကုန်၊ အောက်တိုဘာလ(၂၇)ရက်။

၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုဆန်းစစ်လက်ရည်စမ်း ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမတွင်ကျင်းပရာ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်းနှင့် ဒုတိယဥက္ကဌများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ အမှုဆောင်များ၊ နည်းပြများနှင့် လက်ရွေးစင်အားကစားသမားများတက်ရောက်ကြပါသည်။

အဆိုပါ အကြိုဆန်းစစ်လက်ရည်စမ်း ဂျူဒိုပြိုင်ပွဲတွင် ဝိတ်တန်း (-81kg) ၊ (-57kg)၊ (-66kg)၊ (-73kg)၊ (-48kg)၊ (-52kg)၊(-70kg)၊ (-60kg)၊ (-45kg)၊ စုစုပေါင်း ဝိတ်တန်း(၉)တန်းဖြင့် ပတ်လည်နှင့် ရှုံး/ထွက်စနစ် ယှဉ်ပြိုင်ကစားပြီး ဗိုလ်လုပွဲအား ၂၈.၁၀.၂၀၂၂ ရက်နေ့တွင် ဆုပေးပွဲကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။