အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်နိုင်ဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ရိုးရာလှေအသင်းအား ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန်၊ဇွန်လ(၁၃)ရက်။

၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်နိုင်ဆုရရှိခဲ့သော မြန်မာ့လက်ရွေးစင် ရိုးရာလှေအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ည (၆)နာရီအချိန်က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ Dragon Golf City ၌ ကျင်းပရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် ဒုတိယ ဥက္ကဌများ၊အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ ၊ စေတနာရှင်/အလှူရှင်များ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အုပ်ချုပ်သူ/နည်းပြများ ၊ ဆုရအားကစားသမားများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ဦးကျော်ဝေ (Jewellery Luck Group Of Companies)မှ အမျိုးသား (U-24)( ၅ ) တက်လှော် မီတာ (၂၅၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော အားကစား သမားများအား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁၀၀)၊ဦးသန်းထွန်း (Top Ten Star Production Co.,Ltd)မှ အမျိုးသား (U-24)( ၅ ) တက်လှော် မီတာ (၈၀၀)ပြိုင်ပွဲတွင် ငွေတံဆိပ် ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုငွေကျပ်သိန်း(၃၀)၊ ဦးကျော်ကျော်လှိုင် (Ok Myanmar Co.,Ltd)မှ အမျိုးသား (U-24)( ၁၂ ) တက်လှော် မီတာ (၈၀၀)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော အားကစားသမား များအား ဂုဏ်ပြုဆုငွေကျပ်သိန်း(၃၀)၊Mr. Lai Xue Jun (Golden Land Real Estate Development Co.,Ltd)မှ အမျိုးသား (Open)(၁၂ ) တက်လှော် မီတာ (၈၀၀)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုငွေကျပ်သိန်း(၃၀)၊ ဦးမျိုးဆွေသိမ်း(Alpha 9 Co.,Ltd)မှ အမျိုးသား+အမျိုးသမီး (Mixed ) (U-24)( ၁၂) တက်လှော် မီတာ (၂၅၀)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုငွေကျပ်သိန်း(၃၀)၊ ဦးအောင်မြတ်ခိုင်(Venue 36 Group Of Companies)မှ အမျိုးသား+အမျိုးသမီး (Mixed ) (U-24)( ၁၂) တက်လှော် မီတာ (၅၀၀)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၃၀)၊ ဦးမောင်မောင်ကျော် (Royal Sky Co.,Ltd)( Dragon Golf City )မှ အမျိုးသား(U-24)(၁၂)တက်လှော်မီတာ(၅၀၀)ပြိုင်ပွဲနှင့် အမျိုးသား(Open)(၁၂)တက်လှော် မီတာ(၅၀၀)ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သောအားကစားသမားများအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၃၀)စီကိုလည်းကောင်း၊ဦးမင်းမျိုးသန့် (Jewellery Luck Group Of Companies)မှ နည်းပြချုပ် ဦးဝင်းဖေအား ဂုဏ်ပြုဆုငွေကျပ် သိန်း(၂၀)၊ဦးအာကာစိုး (Jewellery Luck Group Of Companies)မှ နည်းပြ ဦးသိန်းဝင်းနှင့် ဦးတင်မောင်ဦးတို့အား ဂုဏ်ပြုဆုငွေကျပ် သိန်း(၃၀)၊ဦးဇာနည်းဝင်းခိုင် (Jewellery Luck Group Of Companies အောက်ရှိ Hotel Group မှ အုပ်ချုပ်သူ ဦးသက်လွင်နှင့် နည်းပြ ဦးအောင်တင်ထွန်းတို့အား ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၃၀)တို့ကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ရာ စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း(၃၆၀) ဖြစ်ပြီး၊ ဂုဏ်ပြုဆုငွေများပေးအပ်လှူဒါန်းပေးသော စေတနာရှင်/အလှူရှင်များအား မြန်မာနိုင်ငံလှေလှာ်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဌများနှင့် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ခဲ့ပြီး စုစုပေါင်းရရှိသော လှူဒါန်းငွေမှာ ငွေကျပ် သိန်း (၃၈၀) ဖြစ်သည်။

ထို့နောက် ဆုရအားကစားသမားကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး မှတ်တမ်းတင်စုပေါင်း ဓာတ်ပုံရိုက်၍ ညစာစားပွဲဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။