အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အားကြိုဆို

ရန်ကုန်၊ မေလ (၁၇) ရက်။

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ ည(၁၉:၂၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို လေယာဉ်အမှတ် 8M – 402 ဖြင့် ပြန်လည်ရောက်ရှိ လာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မိဘပြည်သူများက ပန်းစည်းများဖြင့် ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် ပိုက်ကျော်ခြင်း အားကစားနည်း Men’s Team Doubles ပြိုင်ပွဲနှင့် Women’s Doubles ပြိုင်ပွဲတိုတွင် ငွေတံဆိပ်ရရှိခဲ့သူများနှင့် Men’s Doubles ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူများ၊ ငွေတံဆိပ်ဆုရရှိခဲ့သည့် အမျိုးသမီး ဘောလုံးအသင်း၊ တိုက်ကွမ်ဒိုအားကစားနည်း အမျိုးသမီး(၁)ဦးချင်း Free Style Poomsae ပြိုင်ပွဲ၊ အမျိုးသား(၁)ဦးချင်း Recognized Poomsae ပြိုင်ပွဲ၊ အမျိုးသား(-74)ကီလိုပြိုင်ပွဲ ၊ အမျိုးသမီး (+73)ကီလိုပြိုင်ပွဲတိုတွင် ကြေးတံဆိပ်ရရှိသူများနှင့် အမျိုးသားဘောလုံးအသင်းတို့ ပြန်လည်လိုက်ပါလာကြောင်း သိရှိရသည်။