အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲအား ကြိုဆိုသည့်သတင်း(၁၆.၅.၂၀၂၃)

ရန်ကုန်၊ မေလ (၁၆) ရက်။

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲသည် ယနေ့ညနေ(၆:၀၀)နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် WE -303 ဖြင့် ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသော မြန်မာ E-Sports အားကစားအဖွဲတွင် Mobile Legends Games ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုရရှိခဲ့သော မင်းကိုကို၊ ပြည့်ဟိန်းကို၊ ပြည့်စုံခန့်၊ စွမ်းထက်အောင်၊ ကျော်ဇင်ဘို၊ ရဲနောင်ဦးနှင့် အတူ အုပ်ချုပ်/နည်းပြ၊ အားကစားသမား စုစုပေါင်း(၂၄)ဦးတို့ ပြန်လည်လိုက်ပါလာကြောင်းသိရှိရသည်။