အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို

ရန်ကုန်၊ မေလ (၁၄) ရက်။

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ ညနေ(၁၉:၂၀) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် 8M – 402 ဖြင့် ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် ပြေးခုန်ပစ်အားကစားနည်း မီတာ(၁၀၀၀၀) အမျိုးသားပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုရရှိခဲ့သည့် သန်းထိုက်စိုးနှင့်အတူ ပြေးခုန်ပစ် အားကစားသမား(၉)ဦး၊ ပီတန်းအားကစားသမား(၆)ဦး၊ တင်းနစ်အားကစားသမား(၉)ဦး တို့ ပြန်လည် လိုက်ပါလာကြောင်း သိရှိရသည်။