အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲအားကြိုဆို

ရန်ကုန်၊ မေလ (၁၄) ရက်။

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့ သည် ယနေ့နံနက် (၁၀:၃၀)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို လေယာဉ် အမှတ် WE – 301 ဖြင့် ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာနှင့် ဝူရှူးအဖွဲချုပ်မှ နည်းပြများ၊ ဒိုင်များနှင့် မိဘပြည်သူများက ပန်းစည်းများဖြင့် ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသော မြန်မာဝူရှူးအားကစားအဖွဲ့တွင် ရွှေတံဆိပ်ဆုရှင် စန္ဒီဦးနှင့် အတူ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၃)ဆု ရရှိသည့် အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများ စုစုပေါင်း (၂၀)ဦးတို့ ပြန်လည်လိုက်ပါလာကြောင်း သိရှိရသည်။