အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာအားကစားအဖွဲ့ ထွက်ခွာ

ရန်ကုန်၊ မေလ (၁၁) ရက်။

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ မြန်မာအားကစား အဖွဲ့သည် ယနေ့ နေ့လယ် (၁၂:၃၀) နာရီအချိန်၌ မြန်မာအမျိုးသား လေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) အမှတ် UB-7021 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ အားကစား နှင့်ကာယပညာဦးစီးဌာန အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိပုဂ္ဂိုလ်များက လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး ဦးမျိုးလှိုင်က မြန်မာအားကစားအဖွဲ့အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ကျန်းမာရေးကို အထူးဂရုစိုက်ရန်၊ အောင်မြင်မှုများရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် အစွမ်းကုန်ကြိုးစားကြရန် အားပေးစကား ပြောကြားခဲ့ပါသည်။

အဆိုပါ အားကစားအဖွဲ့များတွင် ဖိတ်ကြားခံပုဂ္ဂိုလ်(၁)ဦး၊ အုပ်ချုပ်မှုအဖွဲ့ (၁)ဦး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌနှင့် အုပ်ချုပ်မှုအဖွဲ့(၂)ဦး၊ ဂျူဒိုအားကစားနည်းမှ အုပ်ချုပ်/ နည်းပြ (၅)ဦး၊ အမျိုးသားအားကစားသမား(၆)ဦး ၊ အမျိုးသမီး အားကစားသမား(၇)ဦး၊ အလေးမအားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၂)ဦး၊ အမျိုးသား အားကစားသမား(၂)ဦး ၊ အမျိုးသမီးအားကစားသမား(၂)ဦး၊ ဗိုဗီနမ်(အားနစ်) အားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၅)ဦး၊ အမျိုးသား အားကစားသမား(၈)ဦး၊ အမျိုးသမီးအားကစား သမား(၆)ဦး တို့ လိုက်ပါသွားကြောင်း သိရှိရသည်။