အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ

ရန်ကုန်၊ မေလ (၁၀) ရက်။

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ်(၁၄:၁၅) နာရီ အချိန်၌ လေယာဉ်အမှတ် 8M-401 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ အားကစားအဖွဲ့များတွင် တိုက်ကွမ်ဒိုအားကစားနည်းမှ အုပ်ချုပ်/ နည်းပြ (၄)ဦး၊ အမျိုးသားအားကစားသမား(၇)ဦး၊ အမျိုးသမီးအားကစားသမား(၆)ဦး၊ E-Sport အားကစားနည်းမှ နည်းပြ (၁)ဦး၊ အမျိုးသားအားကစားသမား(၆)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။