အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ

ရန်ကုန်၊ မေလ (၇) ရက်။

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအ့သည် ယနေ့ နေ့လယ်(၁၄း၁၅)နာရီ အချိန်၌ လေယာဉ်အမှတ် 8M-401 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတိုက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ အားကစားအဖွဲတွင် ပိုက်ကျော်ခြင်းအားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၆)ဦး၊ အမျိုးသားအားကစားသမား(၁၂)ဦး၊ အမျိုးသမီးအားကစားသမား(၉)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။