အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ

ရန်ကုန်၊ မေလ (၁) ရက်။

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့ ည(၁၉း၀၀) နာရီအချိန်၌ လေယာဉ်အမှတ် UB-7015 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး ၊မြန်မာနိင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဌဦးရဲမြင့်နှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ အားကစားအဖွဲ့များတွင် အုပ်ချုပ်မှုအဖွဲ့ (၃၀)ဦး၊ ဘော်လီဘော အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ (၂)ဦး၊အမျိုးသားအားကစားသမား(၁၂)ဦး ၊ဒိုင်လူကြီး (၁)ဦး၊ ဗိုဗီနမ်အားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၅)ဦး၊ အမျိုးသား အားကစားသမား(၇)ဦး၊ အမျိုးသမီးအားကစားသမား(၅)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။