အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားအဖွဲ့များ၊ သက်ဆိုင်ရာဌာနခွဲအလိုက် အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ(၂၆)။

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ကြီးမှူး၍ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်မည့် အားကစားအဖွဲ့များ၊ သက်ဆိုင်ရာဌာနခွဲအလိုက် အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံတွင် မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း(၁၉)နည်းမှ အုပ်ချုပ်မှုအဖွဲ့(၅၅)ဦး၊ အုပ်ချုပ်သူ/နည်းပြ(၁၀၄)ဦး၊ အားကစားသမား(၃၄၁)ဦး၊ စုစုပေါင်း(၅၀၀)ဦးတို့ဖြင့် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန်အချိန်နီးကပ်လာပြီဖြစ်သောကြောင့် သက်ဆိုင်ရာ အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေးနှင့်လုံခြုံရေးကို အထူးဂရုစိုက် စောင့်ရှောက်ပေးရန်လိုကြောင်း၊ အားကစားဆေးဘက်ဌာနခွဲမှသုံးစွဲရန် ထုတ်ပေးထားသည့် ဆေးဝါးများကိုလည်း မိမိတို့နှင့်တစ်ပါတည်း ယူဆောင်သွားရန်လိုကြောင်း၊ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား တားမြစ်ဆေးဝါးနှင့်ပတ်သက်၍ သုံးစွဲခြင်းများ မပြုလုပ်ကြရန် အထူးသတိပေးမှာကြားထားရန်လိုကြောင်း၊ ပြိုင်ပွဲကာလအတွင်း အသုံးပြုရန်အတွက် သက်ဆိုင်ရာအားကစားနည်းအလိုက် ပြိုင်ပွဲသုံး အားကစားအထောက်အကူပြုပစ္စည်းများကို သယ်ဆောင်ရာတွင် လိုအပ်မှုမရှိအောင် စနစ်တကျယူဆောင်သွားကြရန်လိုကြောင်း၊ လေယာဉ်ခရီးစဉ်များတွင်လိုက်ပါမည့် အားကစားအဖွဲ့ဝင်များ၏ပစ္စည်းများကို လေယာဉ်ဖြင့်သယ်ဆောင်ရာတွင် Hand Carry ဖြင့် (၆)ကီလိုနှင့် ခရီးဆောင်အိတ်အတွက် (၂၀)ကီလိုသာ သယ်ဆောင်ခွင့်ရမည် ဖြစ်ပါကြောင်း၊ အုပ်ချုပ်သူ/နည်းပြများမှ မိမိတို့အားကစားသမားများအား မလိုလားအပ်သော ပြသနာများ မဖြစ်ပေါ်စေရေးအတွက် ဂရုတစိုက်ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ပြင်ပနိုင်ငံသို့ ရောက်ရှိပါကလည်း အဆင့်ဆင့် စီမံကွပ်ကဲအုပ်ချုပ်မှုကိုခံယူပြီး ၎င်းတို့မှချမှတ်ထားသည့် ဥပဒေ/ နည်းဥပဒေများနှင့် စည်းမျဉ်း/ စည်းကမ်းများကို စနစ်တကျ လိုက်နာပြီး နေထိုင်သွားလာကြရန်နှင့် မိမိနိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေမည့် ပြုမူပြောဆိုနေထိုင်မှုများကိုမပြုလုပ်ကြရန် မှာကြားလိုကြောင်း၊ အားကစားအောင်မြင်မှုသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်နှင့်အညီ ဝန်ကြီး ဌာနအနေဖြင့်လည်း ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ကျေပွန်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားအောင်မြင်မှုသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာဖြစ်သည့်အတွက် SEA Games ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့် အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြင့်တက်စေရန်နှင့် အောင်မြင်မှုဆုတံဆိပ်များ ဆွတ်ခူးနိုင်စေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ နောက်ဆုံးအချိန်ထိ ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် အခက်အခဲ တစ်စုံတစ်ရာရှိပါက တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြပေးရန် ပြောကြားခဲ့သည်။

ထို့နောကြ အစညြးအဝေးသို့ တကရြောကလြာသည့ြ အားကစားနညြးအလိုကအြုပခြွုပသြူ/နညြးပှမွားမှ နပှညေတြောမြှရနကြုနသြို့ထှကခြှာမည့ြ ခရီးစဥကြိဈစရပမြွားနှင့ြ ပှိုငပြှဲသို့သှားရောကယြှဥပြှိုငမြည့ကြိဈစရပမြွားကို ဆှေးနှေးတငပြှခဲ့ကှရာ ဒုတိယညှှနကြှားရေးမှူးခွုပကြ လိုအပသြညမြွားကို ပေါငြးစပညြှိနှိုငြးဆောငရြှကပြေးခဲ့ကှောငြး သိရသညြ။