အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လှေလှော်အားကစားအဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ စတင်ထွက်ခွာ

ရန်ကုန်၊ ဧပြီလ (၂၆)ရက်။

၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လှေလှော်အားကစားအဖွဲ့သည် ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်အတွက် ပြိုင်ပွဲမတိုင်မီ ကမ္ဘောဒီးယားနိုင်ငံလက်ရွေးစင်အသင်းနှင့် ပူးတွဲလေ့ကျင့်မှု ပြုလုပ်နိုင်ရန် ယနေ့ နေ့လယ်(၁၄:၁၂) နာရီအချိန်၌ လေယာဉ်အမှတ် 8M-401 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါမြန်မာ့လှေလှော်အားကစားအဖွဲ့၌ အုပ်ချုပ်/နည်းပြ (၅)ဦး၊ အမျိုးသားအားကစားသမား (၂၄)ဦး၊ အမျိုးသမီးအားကစားသမား (၆)ဦး ၊ စုစုပေါင်း (၃၅)ဦးတို့ လိုက်ပါသွားကြောင်းသိရှိရသည်။