အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝူရှူးအားကစားနည်း ပြိုင်ပွဲအသွင် လက်ရည်စမ်းစစ်ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဧပြီလ(၆)ရက်။

၂၀၂၃ ခုနှစ်၊ မေလတွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေး စခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ဝူရှူးအားကစားနည်းမှ(ချန်းစု၊ နန်းချွမ်၊ ထိုက်ချိချွမ်၊ သွေ့လျန့်၊ ဆန်းဆို) အားကစားသမား(အမျိုးသား – ၈)ဦး၊ (အမျိုးသမီး-၄)ဦးတို့၏ ပြိုင်ပွဲအသွင် လက်ရည်စမ်းစစ်ခြင်း ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ၍ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အချိန်နီးကပ်လာပြီဖြစ်သည့်အတွက် ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ ပြည့်ပြည့်ဝဝ အိပ်စက်အနားယူကြရန်နှင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိရန်လိုကြောင်း၊ အားကစားသမားများအနေဖြင့် မိမိနိုင်ငံနှင့်လူမျိုးအတွက် ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်၍ ပြိုင်ပွဲတွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စိတ်ဓာတ်တို့ဖြင့် နောက်ဆုံးအချိန်အထိ အစွမ်းကုန်ကြိုးစားယှဉ်ပြိုင် သွားကြရန်လိုကြောင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် အားကစားကို ချစ်မြတ်နိုးစိတ်ထားရှိပြီး မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးများ ပိုမိုတိုးတက်ကောင်းမွန်ပြီး အရည်အသွေးများပြည့်ဝအောင် ကြိုးပမ်းအားထုတ်ကြ ရန်လိုကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စည်းကမ်းလိုက်နာပြီး စနစ်တကျ ကြိုးစားလေ့ကျင့်သည့် အားကစားသမားများကိုသာ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ နည်းပြများအနေဖြင့် အားကစား သမားများအား ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် လေ့ကျင့်သင်ကြားပေးရန်နှင့် စိတ်ဓာတ်သည် အဓိက အရေးကြီးသည့်အတွက် စိတ်ခွန်အားများမြင့်တက်လာအောင် သင်ကြားပြသပေးရန်လိုကြောင်း၊ အောင်မြင်မှု ဆုတံဆိပ်ရရှိခဲ့သူများကို နိုင်ငံတော်မှလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည့် အတွက် ယခုလာမည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်လည်း အောင်မြင်မှု ဆုတံဆိပ်များရရှိအောင် အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအားလုံး တက်ညီလက်ညီ အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကြာမီ ရောက်ရှိမည့်၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကာလတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မိသားစုလမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပမည့် ပြင်ဆင်ဆောင်ရွက်နေမှုများအားလည်းကောင်း၊ မြန်မာ့လက်ရွေးစင်အားကစားမောင်မယ်များနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ အားကစားမောင်မယ်များ ပျော်ရွှင်စွာ ရေပက်ကစားနိုင်ရန်အတွက် အတာသင်္ကြန်မဏ္ဍပ် ကြိုတင်ပြင်ဆင်နေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။