အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ

ရန်ကုန်၊ ဧပြီလ(၂၇)ရက်။

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့ည(၁၉း၀၀)နာရီအချိန်၌ လေယာဉ်အမှတ် UB-7011 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ အားကစားအဖွဲ့များတွင် အုပ်ချုပ်မှုအဖွဲ့(၂)ဦး၊ ခရစ်ကက်အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ(၂)ဦး၊ အမျိုးသမီးအားကစားသမား (၁၅)ဦး၊ ဘောလုံးအားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၈)ဦး၊ အမျိုးသားအားကစားသမား (၂၀)ဦး၊ စစ်တုရင်အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ(၂)ဦး၊ အမျိုးသား အားကစားသမား (၇)ဦး၊ အမျိုးသမီး အားကစားသမား(၂)ဦး ၊စုစုပေါင်း(၅၈)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။