အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လက်ရွေးစင်ရေကူးအားကစားသမားများအား အပြီးသတ်လူရွေးချယ်ပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၂၈)။

၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရေကူးအားကစားနည်းမှ အားကစားသမားများအား အပြီးသတ်လူရွေးချယ်ပွဲကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ရေကူးကန်၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ညွှန်ကြားရေးမှူးများနှင့် မြန်မာနိုင်ငံရေးကူး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါလူရွေးချယ်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်းမီတာ(၂၀၀)လေးမျိုးကူးပြိုင်ပွဲ၊ မီတာ(၅၀)ပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၅၀) ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲ၊ မီတာ(၅၀)လိပ်ပြာကူးပြိုင်ပွဲ၊ မီတာ(၁၀၀)ပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၁၀၀)ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ မီတာ(၁၀၀) အလွတ်ကူးပြိုင်ပွဲ၊ မီတာ(၁၀၀)လိပ်ပြာကူးပြိုင်ပွဲများတွင်ရေကူးအားကစားသမား စုစုပေါင်း(၁၀)ဦးဝင်ရောက်ယှဉ်ပြိုင်၍ အရွေးချယ်ခံခဲ့ကြောင်း သိရသည်။