အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့်စပ်လျဉ်း၍ ပထမအကြိမ် နိုင်ငံအလိုက် အားကစားအဖွဲ့ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်

ရန်ကုန်၊ ဇန်နဝါရီလ(၂၄)ရက်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် (၂၅.၁.၂၀၂၃)ရက်နေ့မှ (၂၇.၁.၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့်စပ်လျဉ်း၍ ပထမအကြိမ် နိုင်ငံအလိုက် အားကစားအဖွဲ့ခေါင်းဆောင်များ အစည်းအဝေး (First Chef De Mission Meeting) သို့တက်ရောက်ရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယနေ့နံနက်(၁၁:၂၅)နာရီအချိန်တွင် လေယာဉ်အမှတ် WE 302 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေနှင့် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။