အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက်လူသစ်တန်းနှင့်ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌဖလားပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် စက်တင်ဘာ (၁၈) ။

အားကစားနှင့်လူငယ့်ရေးရာဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် လူသစ်တန်းနှင့်မြန်မာနိုင်ငံကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချူပ်ဥက္ကဌဖလား ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကိုယ‌နေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်မင်းဓမ္မလမ်းရှိမြန်မာကွန်ဗင်းရှင်းစင်တာ(MCC)ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာအမျိူးသားအသက်(၂၁)နှစ်နှင့်အောက်အငယ်တန်းကာယဗလမောင်ပြိုင်ပွဲ ၅၅ ၊၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀၊ ၈၀နှင့်အထက်ကီလိုတန်းကာယဗလမောင်ပြိုင်ပွဲများတွင် ကာယဗလမောင်များကကျစ်လစ်ခိုင်မာသော ကြွက်သားများကို သတ်မှတ်ကိုယ်ဟန်ခုနှစ်မျိူးဖြင့်ပြသကြရာပဏာမရွေးချယ်ခဲ့ကြသည်။

ဆက်လက်၍အမျိူးသား၊ အမျိုးသမီးAthlctic Physique ပြိုင်ပွဲ၊ အမျိူးသမီး Model Physique (၁၆၀စင်တီမီတာ) ပြိုင်ပွဲ၊ အမျိူးသမီး Model Physique (၁၆၀ စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲ အမျိူးသား Sports Physique (၁၇၀ စင်တင်မီတာ) ပြိုင်ပွဲ၊ အမျိူးသား Sports Physicque (၁၇၀စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲ အမျိူးသမီးFitness Physique ပြိုင်ပွဲများတွင်ကာယဗလမောင်မယ်များကသတ်မှတ်ကိုယ်ဟန်ခုနှစ်မျိူးဖြင့်ယှဉ်ပြိုင်ကြရာပဏမရွေးချယ်ခဲ့ကြသည်။

ထို့နောက်ဗိုလ်လုပွဲပြိုင်ပွဲများကျင်းပရာပဏမရွေးချယ်ခံရသောကာယဗလမောင်မယ်များကသတ်မှတ်ကိုယ်ဟန်ခုနှစ်မျိူးဖြင့်နောက်ခံတေးဂီတနှင့်အတူယှဥ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲသို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချူပ်ဦးစိုးသိန်း၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊တိုင်းဒေသကြီးဝန်ကြီးများ၊တိုင်းတရာသူကြီးချုပ်၊တိုင်းဥပဒေချုပ်၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချူပ်ဥက္ကဌနှင့် အမှုဆောင်များက ကြည့်ရှုအားပေးကြပြီး အမျိူးသား(၂၁)နှစ်နှင့်အောက်အငယ်တန်းကာယဗလပြိုင်ပွဲ၊ ၅၅၊ ၆၀၊ ၆၅ ၊၇၀၊ ၇၅ ၊၈၀၊ ၈၀နှစ်အထက်ကီလိုတန်းပြိုင်ပွဲ၊အမျိူးသား Athletic Physique ပြိုင်ပွဲ၊အမျိူးသမီး Athletic Physique ပြိုင်ပွဲ၊အမျိူးသမီးModel Physique( ၁၆၀စင်တီမီတာ)ပြိုင်ပွဲ၊ အမျိုးသမီး Model Physicque (၁၆၀စင်တီမီတာ)နှင့် အထက်ပြိုင်ပွဲ၊ အမျိူးသား Sports Physique(၁၇၀စင်တီမီတာ)ပြိုင်ပွဲ၊ အမျိူးသား Sports Physique( ၁၇၀စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲ၊ အမျိူးသမီး Fitness Physique ပြိုင်ပွဲတို့တွင်ပထမ၊ဒုတိယ၊တတိယနှင့်နှစ်သိမ့်ဆုရရှိသူများအားဆုတံဆိပ်နှင့်‌ေငွသားဆုများ‌ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။