အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကာယဗလကာယအလှ အားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၂)ခု၊ ဝူရှူး(ထောက်လု)အားကစားနည်းမှ ငွေ(၁)ခု၊ Rowing အားကစားနည်းမှ ကြေး(၂)ခုထပ်မံဆွတ်ခူးရရှိ

ဗီယက်နမ်၊ မေ(၁၄)။

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း (၂၀) ဖြင့် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိရာ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဂေါက်သီး၊ ပြေးခုန်ပစ်၊ ဘိလိယက်၊ စစ်တုရင်၊ Rowing၊ ဝူရှူး၊ ကာယဗလကာယအလှနှင့် ဖူဆယ်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြ ပါသည်။

အဆိုပါပြိုင်ပွဲများအနက်မှ Cau Giay Gymnasium ၌ ကျင်းပလျက်ရှိသော ကာယဗလ ကာယအလှအားကစားပြိုင်ပွဲ (+70) kg တွင် မောင်ရဲထွန်းနောင်မှ ပထမဆု ရွှေတံဆိပ်ကို ထိုက်ထိုက်တန်တန်ဖြင့်ဆွတ်ခူးရရှိခဲ့ပြီး၊ (+80) kg တွင် မောင်မင်းဇော်ဦး နှင့် (+85) kg တွင် မောင်ခင်မောင်ကျော်တို့မှ ဒုတိယဆု ငွေတံဆိပ်တစ်ခုစီကိုလည်းကာင်း၊  Trinh Hoai Duc  Gymnasium ၌ ကျင်းပလျက်ရှိသော ဝူရှူး(ထောက်လု) အားကစားနည်းမှ  အမျိုးသမီးတစ်ဦးချင်း (ချန်းစု)ပြိုင်ပွဲတွင် မစန္ဒီဦးမှ ဒုတိယဆု ငွေတံဆိပ်ကိုလည်းကောင်း၊ Hai Phong  ၌ ကျင်းပလျက်ရှိ သော အနောက်တိုင်း လှေလှော်ပြိုင်ပွဲ အမျိုးသမီး (၂)တက် လှော်ပြိုင်ပွဲတွင် နီလာဝင်းနှင့် ရွှေစင်လတ်၊ အမျိုးသမီး (၄)တက်လှော်ပြိုင်ပွဲတွင် မအိဖြူ၊ မစန္ဒာရွှေ၊ မချစ်ဖူးငုံနှင့် မဝင်းသူဇာသိန်း တို့မှ တတိယဆု ကြေးတံဆိပ်တစ်ခုစီကိုလည်းကောင်း ဆုများအသီးသီးရရှိခဲ့ကြပါသည်။

အဆိုပါပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အုပ်ချုပ်/နည်းပြများ၊ မြန်မာအားကစားအဖွဲ့များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၄)ခု နှင့် ကြေးတံဆိပ် (7)ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်းဆုတံဆိပ်(၁၄)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့်(7) တွင် ရပ်တည်လျက်ရှိကြောင်း သတင်းရရှိပါသည်။