အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ပတ်လည်ပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေး

ဗီယက်နမ်၊ မေ (၁၀)ရက်။

ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၁) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ မြန်မာစံတော်ချိန် ညနေ ၃နာရီခွဲ အချိန်တွင် ဗီယက်နမ်နိုင်ငံ Viet Tri ဘောလုံးအားကစားကွင်း၌ မြန်မာ U23 အသင်းနှင့် ဖိလစ်ပိုင် U23 အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဗီယက်နမ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်မှူးချုပ်အောင်ဇေယျနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှတာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ပြိုင်ပွဲတွင် မြန်မာအသင်းမှ ဖိလစ်ပိုင်အသင်းကို ရလဒ် ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ပထမအပိုင်းတွင်  မြန်မာအသင်းမှ ပြိုင်ပွဲစတင်ပြီး ၂ မိနစ်အချိန်တွင်  ဝင်းနိုင်ထွန်းမှ ဦးဆောင်ဂိုးကိုသွင်းယူခဲ့ပြီးနောက် အနိုင်ဂိုးများအား ဒုတိယပိုင်း ၅၁ မိနစ်တွင် လွင်မိုးအောင်မှ လည်းကောင်း၊  ၅၄ မိနစ်တွင် စိုးမိုးကျော်မှလည်းကောင်း အနိုင်ဂိုးများကို အသီးသီး ထပ်မံသွင်းယူခဲ့ရာ လက်ရှိတွင် မြန်မာအသင်းသည် ၂ ပွဲကစား ၂ပွဲအနိုင်ရလဒ်ဖြင့် အုပ်စုအဆင့် ၁ နေရာ၌ ရပ်တည်လျက်ရှိပြီး မေလ ၁၃ ရက်နေ့တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့်လည်းကာင်း အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် မေလ ၁၅ ရက်နေ့တွင် အင်ဒိုနီးရှားအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ပါသည်။

ဆက်လက်ပြီး အမျိုးသမီးဘောလုံးပြိုင်ပွဲအား ယမန်နေ့ မြန်မာစံတော်ချိန် ည(၉:၀၀) အချိန်တွင် အုပ်စု(က) ပတ်လည်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းမှ လာအို အသင်းကို ၃ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး (၁၃.၅.၂၀၂၂)ရက်နေ့ မြန်မာစံတော်ချိန် ည(၇:၀၀)နာရီအချိန်၌ အုပ်စုဒုတိယ ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်း၊ (၁၅.၅.၂၀၂၂)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၄:၀၀)နာရီအချိန်၌ အုပ်စုနောက် ဆုံး ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် စင်္ကာပူအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။