အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနည်းအလိုက် စီမံအုပ်ချုပ်မှု/ နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး တက်ရောက်

နေပြည်တော်၊ မတ် (၁၇) ။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်နှင့် ရန်ကုန်တို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ တာဝန်ခံ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားနည်းအလိုက် စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေး (Administerial & Technical Meeting)ကို ယနေ့ နေ့လည်(၁)နာရီ အချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multi-purpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစားဆေးဘက် ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြ များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ မကူးစက်နိုင်ရေးအတွက် အားကစားသမား များအနေဖြင့် ကျန်းမာရေးနှင့်အညီ နေထိုင်သွားလာကြရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယ ဟု ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်မှာကြား ထားသည့်အတွက်  ယခုအချိန်သည် ရာသီဥတုပူပြင်းလာသည့်အတွက် အားကစားသမားများ အနေ ဖြင့် ကျန်းမာရေးအထူး ဂရုစိုက်ကြရန်လိုအပ်ကြောင်းနှင့် အချိန်မှန်အိပ်စေရန် တာဝန်ခံ/နည်းပြများ အနေဖြင့် မိမိတို့၏ အားက စားသမားများကို အထူးဂရုစိုက်ကြရန်လိုအပ်ပါကြောင်း၊ လေ့ကျင့်ရေးသုံး ပစ္စည်းများ၊ ပြိုင်ပွဲသုံးဝတ်စုံ၊ အားကစားအထောက် အကူပြုဆိုင်ရာ ကိစ္စရပ်များကို အဖွဲ့ချုပ်များနှင့် ပေါင်းစပ်၍ဆောင်ရွက်ကြရန်လိုကြောင်း၊ အားကစားသမားများအနေဖြင့် နောက်ဆုံးအချိန်ထိ အားကြိုးမာန်တက် ရေကုန်ရေခမ်း လှေခွက်ချည်းကျန် အလံမလဲ ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်တို့ဖြင့် ကြိုးစားကြရန် ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်မှာကြားထားသည့်အတွက် အားကစားသမား များအနေဖြင့် ယခုအချိန်တွင် ထိခိုက်ဒဏ်ရာ Injury မရရှိစေရန် အထူးဂရုစိုက်လေ့ကျင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အောင်မြင်မှုဆုတံဆိပ်များရရှိအောင် နေထိုင်စားသောက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် လေ့ကျင့်မှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်း၍ ပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကိစ္စရပ်များ၊ တားမြစ်ဆေးဝါးဆိုင်ရာ (Anti-Doping) ကိစ္စရပ်များနှင့် အစာအာဟာရဆိုင်ရာ (Nutrition) ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးတင်ပြ ခဲ့ကြပါသည်။

ထို့နောက် ရန်ကုန်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားနည်းများဖြစ်သော (လှေလှော်၊ ဘိလိယက်/စနူကာ၊ သေနတ်ပစ်၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု)နှင့် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားနည်းများဖြစ်သော (မြားပစ်၊ ပြေးခုန်ပစ်၊ ဘိလိယက်/ စနူကာ၊ လက်ဝှေ့၊ ဂျူဒို၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ဝူရှူး၊ ဗိုဗီနမ်၊ အလေးမ၊ GYM) စသည့် အားကစားနည်းများအလိုက် အုပ်ချုပ်သူ/နည်းပြများမှ သက်ဆိုင်ရာ အားကစားနည်းအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။