အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံအသီးသီးမှ အဖွဲ့ဝင်များအား ကြိုဆိုဂုဏ်ပြုပွဲနှင့် အလံလွှင့်တင်ခြင်း အခမ်းအနားကျင်းပ

ဗီယက်နမ်၊ မေ (၁၁)။

ဗီယက်နမ်နိုင်ငံ၌ မေလ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံအသီးသီးမှ အဖွဲ့ဝင်များအား ကြိုဆိုဂုဏ်ပြုပွဲနှင့် အလံလွှင့်တင်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ My Dinh National Stadium ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ဦးဆောင်သော အဖွဲ့ဝင် (၂၄)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ အရှေ့တီမော နဲ့ အိမ်ရှင် ဗီယက်နမ်တို့အပါအဝင် နိုင်ငံပေါင်း (၁၁) နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပရေးကော်မတီ ကိုယ်စား ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဒုတိယဝန်ကြီး Hoang Dao Cuong က ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် တာဝန်ရှိသူများ၊  အုပ်ချုပ်/နည်းပြများနှင့် အားကစား သမား ၈၀၀၀ ကျော်ကို နွေးထွေးစွာကြိုဆိုပါကြောင်းနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲစတင်ချိန်၌ နိုင်ငံအသီးသီးမှ နိုင်ငံတော်အလံ များကို My Dinh National Stadium ၌ လွှင့်တင်ထားပြီးဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီးနောက် အဖွဲ့ဝင်နိုင်ငံများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို လဲလှယ်ပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။