အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ ဗီယက်နမ်နိုင်ငံသို့ထွက်ခွာ

ရန်ကုန်၊ မေလ (၁၀) ရက်။

၂၀၂၂ ခုနှစ်၊ မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာ အားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ခေါင်းဆောင်သည့် မြန်မာအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ “ ပြိုင်ပွဲစတင်သည်မှ ပြိုင်ပွဲပြီးဆုံးသည်အထိ စိတ်ဓါတ်မြင့်မားစွာဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအား နည်းပြအုပ်ချုပ်သူများ၏ ကွပ်ကဲမှုအောက်တွင် စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားရန်နှင့် ကျန်းမာရေးအသိရှိရန်” ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းကလည်း ပြိုင်ပွဲဝင် အားကစားသမားများ အား နိုင်ငံ့ဂုဏ်ဆောင်၍ နိုင်ငံတော်အလံကို လွှင့်တင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားသွားကြ ပြီး နိုင်ငံကြီးသားပီသစွာ စည်းကမ်းတကျသွားလာနေထိုင်ရန် ရင်းရင်းနှီးနှီး နှုတ်ဆက်အမှာစကား ပြောကြားခဲ့ပါသည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့သည် စင်းလုံးငှားလေယာဉ်ဖြင့် မေလ(၄)ရက်နေ့တွင် ပထမအသုတ်အနေဖြင့်လည်းကောင်း၊ ယနေ့ နံနက်(၁၁)နာရီခွဲအချိန်၌ ဒုတိယအသုတ်အနေဖြင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အားကစား အုပ်ချုပ်မှုအဖွဲ့ဝင် (၃၅)ဦး၊ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသား ဘော်လီဘောအသင်း (၁၆)ဦး၊ မြန်မာ့လက်ရွေးစင် ဝူရှူးအသင်းမှ အမျိုးသား(၆)ဦး၊ အမျိုးသမီး (၇)ဦး၊ E-Sports မှ အမျိုးသားအားကစားသမား(၁)ဦး၊ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးတို့ သွားရောက်မှာဖြစ်ပြီး (၁၁.၅.၂၀၂၂)ရက်နေ့တွင် တတိယအသုတ်အနေဖြင့်လည်းကောင်း၊ (၁၃.၅.၂၀၂၂)ရက်နေ့တွင် စတုတ္ထအသုတ်အနေဖြင့်လည်းကောင်း၊ (၁၆.၅.၂၀၂၂) ရက်နေ့တွင် ပဉ္စမအသုတ်အနေဖြင့်လည်းကောင်း၊ (၂၀.၅.၂၀၂၂)ရက်နေ့တွင် ဆဌမအသုတ်အနေဖြင့်လည်းကောင်း စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ တိုက်ရိုက်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။