အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်၊ မေလ (၂၄) ရက်။

၂၀၂၂ခုနှစ်၊ မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဗီယက်နမ် နိုင်ငံ ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပပြုလုပ်နေသည့် (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့ သည် ယမန်နေ့ည (၈)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများ နှင့်မိဘပြည်သူ များတို့ က အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင် နှင့်အတူ ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် Kurash အားကစားနည်း (+၈၇)ကီလို မှ အေးအေးအောင် ၊ ဘိလိယက် အားကစားနည်း အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲ မှ ပေါက်စ ၊ ဗိုဗီနမ် အားကစားနည်း အမျိုးသမီး နှစ်ယောက်တွဲ လက်နက်မဲ့အပြပြိုင်ပွဲမှ ခိုင်ဝါဖူး၊ မေဟန်နီအောင်လွင် ၊ ပိုက်ကျော်ခြင်း အားကစားနည်း Double Women ပြိုင်ပွဲမှ ခင်နှင်းဝေ၊ ဖြူဖြူသန်း၊ ယမုံဇင်၊ ဗိုဗီနမ်အားကစားနည်း လေးယောက်တွဲ အပြပြိုင်ပွဲမှ မနားကွီး၊ အိုက်စိုးလင်း၊ ဇင်လင်းထွန်း၊ ဇော်ဇော် ၊ ဗိုဗီနမ်အားကစားနည်း လေးယောက်တွဲအပြ ပြိုင်ပွဲမှ ရာဇာထွန်း၊အောင်ခိုင်လင်း၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ငွေတံဆိပ်ဆု ရရှိခဲ့ကြသည့် သေနတ်ပစ်အားကစားနည်း အမျိုသား မီတာ (၅၀) Pistolပြိုင်ပွဲမှ ရဲထွန်းနောင် ၊ မီတာ(၁၀) Air Pistol Mixed Team မှ ရဲထွန်းနောင်၊ ချစ်စိုးနွယ်၊ လှေလှော် အားကစားနည်း အမျိုးသား လေးယောက်လှော် မီတာ (၁၀၀၀) ပြိုင်ပွဲမှ မြင့်ကိုကို ၊ ထက်ဝေလွင်၊ စောမိုးအောင်၊ ထွန်းမင်းသန့်၊ အောင်မျိုးသူ ၊ ဂျူဒိုအားကစားနည် (-57) Kg မှ ခြူးမြတ်နိုးဝေ၊ ဗိုဗီနမ် အားကစားနည်း တစ်ကိုယ်တော် လက်သိုင်းအပြ ပြိုင်ပွဲမှ ခိုင်ဝါဖူး ၊ တစ်ကိုယ်တော် ဓါးရှည်အပြ ပြိုင်ပွဲမှ မေဟန်နီအောင်လွင်၊ တုတ်ရှည်အပြပြိုင်ပွဲမှ တင်ထူးဇော် ၊ ဘိလိယက်အားကစားနည်း အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲမှ ပေါက်စ ၊ မင်းစည်သူထွန်း၊ လက်ဝှေ့အားကစားနည်း (-57)Kg ပြိုင်ပွဲ မှ နိုင်လတ်၊ ကြေးတံဆိပ် ဆုများရရှိခဲ့ကြသော လှေလှော်အားကစားနည်း အမျိုးသမီးကနူး တစ်ယောက်လှော် မီတာ (၁၀၀၀) ပြိုင်ပွဲ၊ အမျိုးသား ကနူးလေးယောက်လှော် မီတာ (၁၀၀၀)ပြိုင်ပွဲ၊ အမျိုးသား ကယက် နှစ်ယောက်လှော် မီတာ (၁၀၀၀)ပြိုင်ပွဲ၊ အမျိုးသားကနူး လေးယောက်လှော် မီတာ(၅၀၀) ပြိုင်ပွဲ၊ အမျိုးသမီး ကနူးတစ်ယောက်လှော် မီတာ (၂၀၀)ပြိုင်ပွဲ၊ အမျိုးသမီး ကနူး လေးယောက်လှော် မီတာ(၂၀၀)ပြိုင်ပွဲတို့မှ သက်ဖြိုးနိုင်၊ ဝင်းထိုက်၊ စိုင်းမင်းဝေ၊ သန့်ဇင်ဦး၊ မင်းနိုင်၊ အောင်ဖြိုးဟိန်း၊ ထက်ဝေလွင်၊ မြင့်ကိုကို ၊ အောင်မျိုးသူ၊ မျိုးလှိုင်ဝင်း၊ စုဝေဖြိုး၊ မြင့်မြင့်စိုး၊ မိုးမမ၊ စုစုလွင်၊ ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား လေးယောက်တွဲ ပြိုင်ပွဲ၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ တို့မှ ဝေလင်းအောင်၊ ကျော်ဇင်လတ်၊ အောင်မျိုးနိုင် ၊ အောင်မျိုးဆွေ၊ ဇင်ကိုကို၊ အောင်ရဲဇော် ၊ အောင်သူမင်း၊ ယမုံဇင်၊ ခင်နှင်းဝေ၊ နန်းစုမြတ်စံ၊ အေးအေးသန်း၊ ဖြူဖြူသန်း၊ နမ့်ယဉ်ယဉ်မြင့် ၊ ဗိုဗီနမ်အားကစားနည်း (-65)Kg အတိုက်ပြိုင်ပွဲ ၊ နှစ်ယောက်တွဲအပြ ပြိုင်ပွဲ ၊(-55) Kg အတိုက် ပြိုင်ပွဲ ၊ (60)Kg အတိုက်ပြိုင်ပွဲ တို့မှ ဝေသူလွင်၊ ရာဇာထွန်း၊ တင်ထူးဇော်၊ ကျော်ကိုကို၊ ရွှေသက်ထား၊ လက်ဝှေ့အားကစားနည်း (-52)Kg ပြိုင်ပွဲမှ လင်းထွဋ်ပိုင် ၊ (-48) Kg ပြိုင်ပွဲ မှ အေးငြိမ်းထူး၊ ဂျူဒိုအားကစားနည်း (-52)Kg ပြိုင်ပွဲမှ အေးမာလာ ၊ (-45)Kg ပြိုင်ပွဲ မှ စဲလ်ဝှီး၊ အလေးမ အားကစားနည်း (59)Kg ပြိုင်ပွဲ မှ နော်တဘိုးရာ၊ စနူကာ အားကစားနည်း အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲမှ အောင်ဖြိုးတို့နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ ပြန်လည် လိုက်ပါ ခဲ့ကြသည်။

နိုင်ငံတော်မှ(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်တွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ ကြသော အားကစားသမားများအား ရွှေတံဆိပ် တစ်ဆုလျှင် ငွေကျပ် သိန်း(၃၀၀)၊ ငွေတံဆိပ် တစ်ဆုလျှင် ငွေကျပ် သိန်း(၂၀၀)၊ ကြေးတံဆိပ် တစ်ဆုလျှင် ငွေကျပ် သိန်း(၁၀၀) နှုန်းဖြင့်လည်းကောင်း၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် သင်ကြားပေးခဲ့သော နည်းပြများအားလည်း သတ်မှတ် ဆု ကြေးငွေများကိုလည်းကောင်း၊ ဂုဏ်ပြုအခမ်းအနားဖြင့် ကျင်းပပေးသွားမည်ဖြစ်ပြီး ပြိုင်ပွဲ ကာလအတွင်းမှာလည်း ထပ်ဆောင်း ချီးမြှင့်ငွေအဖြစ် တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ် တစ်ဆုလျှင် အမေရိကန် ဒေါ်လာ (၃၀၀၀)၊ ငွေတံဆိပ်တစ်ဆုလျှင် အမေရိကန် ဒေါ်လာ(၂၀၀၀)၊ ကြေးတံဆိပ် တစ်ဆုလျှင် အမေရိကန် ဒေါ်လာ (၁၀၀၀) နှုန်းဖြင့်လည်းကောင်း၊ အသင်းလိုက် ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိပါက တစ်ဦးချင်းအား အမေရိကန် ဒေါ်လာ (၁၀၀၀)နှုန်းဖြင့် လည်းကောင်း၊ ငွေတံဆိပ်ဆုရရှိပါက အမေရိကန်ဒေါ်လာ (၇၅၀) နှုန်းဖြင့် လည်းကောင်း၊ ကြေးတံဆိပ်ဆုရရှိပါက တစ်ဦးချင်းအား အမေရိကန် ဒေါ်လာ (၅၀၀)နှုန်းဖြင့် လည်းကောင်း ချီးမြှင့်ကြောင်း သိရှိရပါသည်။