အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အောင်ပွဲရ မြန်မာအားကစားသမားအဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မိဘပြည်သူများမှ ဂုဏ်ပြုကြိုဆို

ရန်ကုန်၊ မေလ (၂၂) ရက်။

၂၀၂၂ခုနှစ်၊ မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဗီယက်နမ် နိုင်ငံ ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပပြုလုပ်နေသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့ သည် ယနေ့ညနေ (၄)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ အနုပညာရှင်များ၊ ပြိုင်ပွဲဝင် အားကစား သမားများ၏ မိဘဆွေမျိုးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ မိဘပြည်သူ များ က အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့်အတူ ရွှေတံဆိပ်ဆု ရရှိခဲ့ကြသည့် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားနည်းမှ ရဲထွန်းနောင် (+၇၀)ကီလို ၊ ဝူရှူးအားကစားနည်းမှ သိန်းသန်းဦး (နန်းကွန့်)တုတ်ရှည် ၊ ပီတန်း အားကစားနည်းမှ ခင်ချယ်ရီသက် (Women Shooting) ၊ ပြိုင်ပွဲအသီးသီးမှ ငွေတံဆိပ်ဆု ရရှိသူများ၊ ကြေးတံဆိပ်ဆုရရှိသူများနှင့်အတူ စစ်တုရင် ၊ E-Sports ၊ အမျိုးသမီး ဘောလုံး၊ အမျိုးသားဘော်လီဘောအားကစားနည်း တို့မှ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အပြည်ပြည် ဆိုင်ရာဒိုင်လူကြီးများ ပြန်လည် လိုက်ပါလာသည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစား နည်း(၂၀)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မေလ(၂၂) ရက်နေ့အထိ ဗိုဗီနမ်အားကစား နည်းမှ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၆)ခု၊ ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားနည်းမှ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၁)ခု၊ Kurashအားကစားနည်းမှ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခု၊ ပိုက်ကျော်ခြင်း အားကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ကြေးတံဆိပ်(၃)ခု၊ ပီတန်းအားကစားနည်းမှ ရွှေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခု၊ ဂျူဒို အားကစားနည်းမှ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု၊ ပြေးခုန်ပစ်အားကစားနည်းမှ ငွေတံဆိပ်(၂)ခု၊ သေနတ်ပစ်အားကစားနည်းမှ ငွေတံဆိပ်(၂)ခု၊ ကနူး/ကယက် အားကစားနည်းမှ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၆)ခု၊ တိုက်ကွမ်ဒိုအားကစားနည်းမှ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၃)ခု၊ အပြည်ပြည်ဆိုင်ရာလှေလှော်အားကစားနည်းမှ ကြေးတံဆိပ် (၃)ခု၊ လက်ဝှေ့အားကစားနည်းမှ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခု၊ မြားပစ်အားကစားနည်းမှ ကြေးတံဆိပ်(၁)ခု၊ အလေးမ အားကစားနည်းမှ ကြေးတံဆိပ်(၁)ခု ၊ စုစုပေါင်း ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ်(၁၈)ခုနှင့် ကြေးတံဆိပ် (၃၅)ခု ရရှိခဲ့ကြောင်းသိရှိရသည်။