အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်၊ မေလ (၂၀) ရက်။

၂၀၂၂ခုနှစ်၊ မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပပြုလုပ်နေသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့ တတိယအသုတ်သည် ယနေ့နံနက် (၁၀)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာ့လေကြောင်းစင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သံယံဇာတ ရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် ၊ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မိဘပြည်သူများက ပန်းစည်းများဖြင့် ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် မြန်မာအားကစား အဖွဲ့ခေါင်းဆောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ ငွေတံဆိပ်ဆု ရရှိခဲ့သည့် ပြေးခုန်ပစ်အားကစားနည်းမှ ခင်မာဆယ် (မီတာ ၁၀၀၀၀)၊ ဇင်မေထက် (လမ်းလျှောက်)၊ ဂျူဒိုအားကစားနည်းမှ နွယ်နီပွင့်လှိုင် (-၆၃)ကီလို၊ တိုက်ကွမ်ဒိုအားကစားနည်းမှ ဒေစီဦးဂျူလီယက် (-၄၉)ကီလိုနှင့် ကြေးတံဆိပ်ဆုများ ရရှိခဲ့ကြသည့် ပီတန်းအားကစားနည်း (Mixed Triple) ပြိုင်ပွဲမှ ထွေးကိုကို၊ တင်တင်ဝေ၊ ကံ့ကော်သန့်ဇင်၊ တိုက်ကွမ်ဒိုအားကစားနည်းမှ ဇော်လင်းထက် (-၆၃)ကီလို၊ ထက်ဇော်လင်း (-၈၀)ကီလို၊ ကျော်မင်းနိုင် (-၈၇)ကီလို၊ ဗိုဗီနမ်အားကစားနည်းမှ ဇင်မာခိုင် (-၆၅) ကီလို ၊နှင်းသက်ဝေ (-၅၅)ကီလို၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ အောင်မျိုးနိုင် (Double Men)၊ မြားပစ် အားကစားနည်း ပြည့်စုံနှင်း ၊ သီတာနွယ်၊ ယမင်းသူ (Recurve Women Team ) တို့နှင့်အတူ အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ Kurash ၊ လှေလှော်၊ ပီတန်း၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ မြားပစ်၊ သေနတ်ပစ်၊ ဗိုဗီနမ်၊ အလေးမ၊ ဂျူဒို၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ ဘိလိယက်နှင့်စနူကာ တို့မှ အားကစားအဖွဲ့များနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ ပြန်လည်လိုက်ပါလာကြောင်း သိရှိရသည်။