အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားသမားအဖွဲ့ ပထမအသုတ်အား ကြိုဆို

ရန်ကုန်၊ မေလ (၁၆) ရက်။

၂၀၂၂ခုနှစ်၊ မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဗီယက်နမ် နိုင်ငံ ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပပြုလုပ်နေသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့ ပထမအသုတ်သည် ယနေ့ညနေ (၅)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ မြန်မာ့လေကြောင်းစင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ၊ ဒုတိယ မြို့တော်ဝန် ၊ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် ဥက္ကဌ ဦးညီညီ ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မိဘပြည်သူများ က ပန်းစည်းများဖြင့် ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆို ကြပါသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် ပြိုင်ပွဲအသီးသီးမှာ ငွေတံဆိပ်ဆုရရှိခဲ့ကြသည့် Kurash အားကစားနည်း (73Kg) ပြိုင်ပွဲတွင် ဖြိုးဆွေဇင်ကျော်၊ ဝူရှူးအားကစားနည်း မှ အမျိုးသမီး တစ်ဦးချင်း ချန်းဆုပြိုင်ပွဲတွင် စန္ဒီဦး ၊ ဆန်းဆို(60Kg) ပြိုင်ပွဲတွင် စုလှိုင်ဝင်း၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားနည်းမှ (+80Kg) ပြိုင်ပွဲတွင် မင်းဇော်ဦး ၊ (+85Kg) ပြိုင်ပွဲတွင်ခင်မောင်ကျော် နှင့် ကြေးတံဆိပ်ဆု ရရှိခဲ့ကြသည့် Kurash အားကစားနည်းမှ (48Kg) ပြိုင်ပွဲတွင် ခင်ခင်စု ၊ (70Kg) ပြိုင်ပွဲတွင် စိုးမြင့်ထွန်း ၊ ပီတန်းအားကစား နည်းမှ Men Shooting ပြိုင်ပွဲတွင် ဝင်းသူရိန်ထွန်း ၊ လှေလှော်အားကစားနည်းမှ အနောက်တိုင်းလှေလှော်အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေစင်လတ် + နီလာဝင်း ၊ (အရံ) စန္ဒာရွှေ၊ အနောက်တိုင်း လှေလှော် အမျိုးသမီး နှစ်ယောက် တွဲပြိုင်ပွဲ တွင် ရွှေစင်လတ် + နီလာဝင်း ၊ (အရံ) အိဖြူ ၊ အမျိုးသမီး (၄)တက်လှော် ပြိုင်ပွဲတွင် အိဖြူ + စန္ဒာရွှေ + ချစ်ဖူးငုံ + ဝင်းသူဇာသိန်း ၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားနည်းမှ (55Kg) ပြိုင်ပွဲတွင် ကျော်မင်းသန်း ၊ ဝူရှူး အားကစားနည်းမှ ဆန်းဆို (55Kg) ပြိုင်ပွဲတွင် ချယ်ရီသန်း၊ ဆန်းဆို (70Kg)ပြိုင်ပွဲတွင် မျိုးမင်းထက် တို့နှင့် အတူ E-Sports ၊ ပြေးခုန်ပစ် ၊ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းကြီးများ၊ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ ပြန်လည် လိုက်ပါလာကြောင်း သိရှိရသည်။

နိုင်ငံတော်မှ ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစား နေကြသော ပြိုင်ပွဲဝင်အားကစားသမားများအား ဆုတံဆိပ်ရရှိသည်နှင့် တစ်ပြိုင်တည်းပြိုင်ပွဲကွင်းအတွင်းမှာပင် တစ်ဦးချင်းပြိုင်ပွဲများ၌ ရွှေတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၃၀၀၀ ၊ ငွေတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ ၊ ကြေးတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ နှုန်းဖြင့် လည်းကောင်း၊ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိပါက တစ်ဦးချင်းအား အမေရိကန် ဒေါ်လာ ၁၀၀၀ ၊ ငွေတံဆိပ်ဆုရရှိပါက တစ်ဦးချင်းအား အမေရိကန်ဒေါ်လာ ၇၅၀ ၊ ကြေးတံဆိပ် ဆုရရှိပါက တစ်ဦးချင်းအား အမေရိကန်ဒေါ်လာ ၅၀၀ နှုန်းဖြင့် ထပ်ဆောင်း ချီးမြှင့်ကြောင်း သိရှိရပါသည်။