အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၂၈.၁၁.၂၀၂၂)ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၊ ရုံးရှေ့ မျက်နှာစာတွင် စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဆောင်ရွက်နေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ လိုက်လံကြည့်ရှုအားပေးသည့်သတင်း

နေပြည်တော်၊ နိုဝင်ဘာလ (၂၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနခွဲများမှ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အညောင်းအညာပြေစေရန်အတွက် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း (Fitness Dance) ကစားမှုများ ပြုလုပ်ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အရာထမ်း၊ အမှုထမ်းများသည် ယနေ့ညနေ(၀၄:၀၀) နာရီမှ (၀၄:၃၀)နာရီအချိန်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၊ ရုံးရှေ့ မျက်နှာစာတွင် စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဆောင်ရွက်နေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အဆိုပါ စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအား အပတ်စဉ် အစိုးရရုံးဖွင့်ရက်တိုင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။