အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၂၅) ကြိမ်မြောက် ASSOCIATION OF NATIONAL OLYMPIC COMMITTEES(ANOC) GENERAL ASSEMBLY အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမျိုးလှိုင် တက်ရောက်

နေပြည်တော်၊အောက်တိုဘာလ၂၅ရက်။

(၂၅) ကြိမ်မြောက် Association of National Olympic Committees(ANOC) General Assembly အား (၂၅.၁၀.၂၀၂၁) ရက်နေ့၊ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ မြန်မာအိုလံပစ်ကော်မတီကိုယ်စားပြုအဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးခွန်ဂျာအောင် နှင့် MOC ရုံးအဖွဲ့တို့မှ တက်ရောက်ခဲ့ပါသည်။အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ် (၁၂) နာရီခွဲတွင်စတင်ခဲ့ပြီး ဒုတိယနေ့အစီအစဉ်များအဖြစ်-(၁) Tokyo 2020 အိုလံပစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီမှ တင်ပြခြင်း(၂) ANOC ယဉ်ကျေးမှုနှင့်ပညာရေးကော်မရှင်မှတင်ပြခြင်း(၃) ANOC Gender Equity ကော်မရှင်မှ တင်ပြခြင်း(၄) ANOC ကော်မရှင်များနှင့် လုပ်ငန်းအဖွဲ့များမှ NOCများ၏ မေးခွန်းများကိုဖြေကြားခြင်း(၅) IOC Administration နှင့်စပ်လျဉ်း၍ အသစ်ပြင်ဆင်ဆောင်ရွက်မှုများအားရှင်းလင်းတင်ပြခြင်း(၆) OS & IOC/NOC Relations နှင့်စပ်လျဉ်း၍ အသစ်ပြင်ဆင်ဆောင်ရွက်မှုများအားရှင်းလင်းတင်ပြခြင်း(၇) Beijing 2022 ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကျင်းပရေးကော်မတီမှ တင်ပြခြင်း(၈) Paris 2024 အိုလံပစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီမှ တင်ပြခြင်းမှ(၉) ANOC မှ Sustainablityနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း(၁၀) ANOC မှ Social Media နှင့် စပ်လျဉ်း၍ဆွေးနွေးခြင်း(၁၁) International World Games Association မှ တင်ပြခြင်း(၁၂) အထွေထွေဆွေးနွေးခြင်း(၁၃) (၂၅) ကြိမ်မြောက် Association of National Olympic Committees(ANOC) General Assembly အတွက် ဆုံးဖြတ်ချက်များချမှတ်ခြင်းတို့ဖြစ်ပြီး အစည်းအဝေးအောင်မြင်စွာပြီးမြောက်ကြောင်းကြေညာခဲ့ကာမြန်မာစံတော်ချိန် ည (၈) နာရီခွဲတွင် အစည်းအဝေးဒုတိယနေ့အား ရုပ်သိမ်းခဲ့ပါသည်။