အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၂၅) ကြိမ်မြောက် ASSOCIATION OF NATIONAL OLYMPIC COMMITTEES(ANOC) GENERAL ASSEMBLY အား ဂရိနိုင်ငံ၊ ကရိထ်မြို့တွင်ကျင်းပလျက်ရှိပြီး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမျိုးလှိုင် တက်ရောက်

နေပြည်တော်၊အောက်တိုဘာလ ၂၄ရက်။

(၂၅) ကြိမ်မြောက် Association of National Olympic Committees(ANOC) General Assembly အား ဂရိနိုင်ငံ၊ ကရိထ်မြို့တွင် (၂၄.၁၀.၂၀၂၁)နှင့် (၂၅.၁၀.၂၀၂၁) ရက်နေ့တို့တွင် ကျင်းပလျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံ (၂၀၆) နိုင်ငံအပါအဝင် မြန်မာအိုလံပစ်ကော်မတီကိုယ်စားပြုအဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးခွန်ဂျာအောင် နှင့် MOC ရုံးအဖွဲ့တို့မှ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ် (၁၂) နာရီခွဲတွင်စတင်ခဲ့ပြီး ပထမနေ့ အစီအစဉ်များအဖြစ်-

(၁) NOC အသီးသီးမှ ကွယ်လွန်သွားပြီဖြစ်သော အားကစားခေါင်းဆောင်များအားဂုဏ်ပြုခြင်း

(၂)၂၀၁၉ ခုနှစ်က ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင်ကျင်းပခဲ့သော (၂၄)ကြိမ်မြောက် Association of National Olympic Committees(ANOC) General Assembly အစည်းအဝေးဆုံးဖြတ်ချက်အား အတည်ပြုခြင်း

(၃) International Olympic Committee ဥက္ကဋ္ဌ၊ Dr.Thomas Bachမှ အဖွင့်အမှာစကားပြောကြားခြင်း

(၄) ANOC ခေတ္တဥက္ကဋ္ဌ၊ Dr.Robin Mitchellမှ တင်ပြခြင်း

(၅) ANOC အထွေထွေအတွင်းရေးမှူး၊ Ms.Gunilla Lindbergမှ တင်ပြခြင်း

(၆) ANOC မဟာဗျူဟာစီမံကိန်း ၂၀၂၁-၂၀၂၄ အား အတည်ပြုခြင်း

(၇) ANOC အခြေခံဥပဒေပြင်ဆင်ချက်များအား အတည်ပြုခြင်း

(၈) ANOC ဘဏ္ဍာရေးနှင့်စာရင်းစစ် ကော်မရှင်မှ တင်ပြခြင်း

(၉) ANOC စာရင်းစစ်မှ တင်ပြခြင်း

(၁၀) ANOC အားကစားစျေးကွက်ဆိုင်ရာကော်မရှင်မှ တင်ပြခြင်း

(၁၁) ANOC World Beach Games 2023 နှင့် 2025 အားကစားပြိုင်ပွဲဖြင့်စပ်လျဉ်း၍ တင်ပြခြင်း

(၁၂) ကမ္ဘာ့တားမြစ်ဆေးဝါးအဖွဲ့(WADA)မှ တင်ပြခြင်း

(၁၃) နိုင်ငံတကာ တားမြစ်ဆေးဝါးစစ်ဆေးရေး အဖွဲ့(ITA) မှ တင်ပြခြင်း

(၁၄) အားကစားဥပဒေရေးရာခုံရုံး (CAS) မှ တင်ပြခြင်းတို့ဖြစ်ပြီး မြန်မာစံတော်ချိန် ည (၈) နာရီခွဲတွင် အစည်းအဝေးပထမနေ့အား ရုပ်သိမ်းခဲ့ပါသည်။